အုန်းထမင်း
အုန်းထမင်း သည် ထမင်းကို အုန်းနို့တွင် စိမ်၍လည်းကောင်း၊ အုန်းနို့နှင့် ချက်၍သော်လည်းကောင်း ပြုလုပ်သော စားသောက်ဖွယ်တစ်မျိုး ဖြစ်သည်။[1] အုန်းသီးနှင့် ဆန် တို့သည် ကမ္ဘာတစ်ဝှမ်း အပူပိုင်းဒေသများတွင် တွေ့ရသည့်အတွက် အုန်းထမင်းကို ကမ္ဘာတစ်ဝှမ်းရှိ ယဉ်ကျေးမှုများစွာတို့တွင် တွေ့ရှိနိုင်သည်။
မူရင်းနိုင်ငံ | အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ ဗင်နီဇွဲလားနိုင်ငံ၊ ပနားမားနိုင်ငံ |
---|---|
ဒေသ | တောင် နှင့် အရှေ့တောင်အာရှ၊ လက်တင်အမေရိက |
အဓိက ပါဝင်ပစ္စည်း | ဆန်၊ အုန်းသီး |
Cookbook: အုန်းထမင်း Media: အုန်းထမင်း |
ပါဝင်သောပစ္စည်း
- ပေါ်ဆန်းမွှေး (ဆန်ဟောင်း)
- အုန်းသီး
- ဆီ
- သကြား
- ကြက်သွန်နီ
- ဆား
ပြုလုပ်ခြင်း
အိုးတွင် ဆန်၊ ဆီ၊ သကြား၊ ဆားနှင့် အုန်းနို့ရည်များ ထည့်ကာ အဖုံးပိတ်၍ ချက်သည်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.