မန္တလေးမုန့်ရေပါး

မန္တလေးမုန့်ရေပါး

မန္တလေးမုန့်ရေပါး

မုန့်ရေပါး ဆန်နှင့်ပြုလုပ်သော မုန့်အမျိုးအစားဖြစ်သည်။ အထူးသဖြင့် အထက်အညာ ဒေသများ၏ ဘုရားပွဲဈေးတန်းများ ရောင်းကြသည်။ မုန့်ရေပါးကို တချို့က ချွေတာရေးမုန့် ဟုလည်းခေါ်သည်။

ပါဝင်သော ပစ္စည်းများ

မနော်ဆန်မှုန့် - နို့ဆီဘူး (၄ဘူး)

ပဲမှုန့်အစိမ်း - အကြမ်းပုဂံ (၁လုံး)

ဆား - ဟင်းဆားဇွန်း (၂ဇွန်း)

အချိုမှုန့် - ဟင်းဆားဇွန်း (၁ဇွန်း)

ကော်မှုန့် - အကြမ်းပုဂံ (၁)လုံး

ရေ - အသင့်အတင့်

စားတော်ပဲ၊ ကြက်သွန်မိတ် ၊ နံနံပင် ၊ခရမ်းချဉ်သီး ၊ ငရုတ်သီး၊ အုန်းသီး ၊ မဆလာ၊ ကြက်ဥ

အဆင့်ဆင့် ပြုလုပ်ပုံ

ဒန်အိုး တစ်လုံးတွင် မနော်ဆန်မှုန့်၊ ပဲမှုန့်အစိမ်း၊ ဆား၊ အချိုမှုန့်၊ ကော်မှုန့်၊ ရေတို့ကို အချိုးကျ ရောစပ်ရသည်။ သမအောင်မွှေထားသော ဆန်မှုန့်ရေကို သံဒယ်အိုးပြားပေါ်တွင် ပြည့်အောင် မုန့်ရေတစ်ဇွန်းကို ပါးပါးလေးနှင့် ညီညာအောင် လောင်းထည့်ပါ။ စားတော်ပဲ၊ ကြက်သွန်မိတ်၊ နံနံပင် ကိုလည်းကောင်း မုန့်ရေထဲသို့ ထည့်ပါ။ ဆား၊ မဆလာ၊ အချိုမှုန့် သမအောင် ရောနယ်ထားသော ခရမ်းချဉ်သီး နှင့် ပါးပါးလှီးထားသော ငရုတ်သီးစိ်မ်းကို ထည့်ပါ။ ခြစ်ဖြင့်ခြစ်ထားသော အုန်းသီးအမျှင်များကို ထပ်ပေါင်း လောင်းထည့်ပါ။ ထို့နောက် ဆီများများဆမ်းပါ။ ကြက်ဥနှစ်သက်လျှင် ကြက်ဥကို ခေါက်ထည့်ပါ။ အချိန်အနည်းငယ်အကြာကျက်ခါနီးတွင် သံဂေါ်ပြားဖြင့် ဖြေးဖြေးချင်း မပဲ့အောင်ကော်ပါ။ မုန့်အတွင်းထည့်ထားသော ပစ္စည်းများမှာ မိမိအကြိုက် ပေါ်မူတည်၍ လိုသလိုပြုလုပ်နိုင်ပါသည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.