အ.ထ.က(၂)ဒဂုံ

အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံ (အတိုကောက် အ.ထ.က(၂) ဒဂုံ၊ ယခင်အမည် မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အမှတ် ၃၅၃ တွင် တည်ရှိသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇) ရက်တွင် ဗဟန်းမြို့နယ်၌ စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ ထိုစဉ်က ပထမဆုံးသော မြို့မ ကျောင်းအုပ်ဆရာကြီးမှာ ဦးဖိုးလတ် ဖြစ်သည်။

အ.ထ.က (၂) ဒဂုံ
မြို့မကျောင်း
လိပ်စာ
၃၅၃၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်
သတင်းအချက်အလက်
တည်ထောင်၁၉၂၀ ဒီဇင်ဘာ ၁၇
ကျောင်းအုပ်ကြီးဦးကိုကိုနိုင်
အတန်းများသူငယ်တန်း-ဒသမတန်း
ရွေးချယ်သတ်မှတ်ခြင်းများ

မြို့မကျောင်းသည် မြန်မာနိုင်ငံပညာရေး လောကတွင် ထင်ရှားသည်။ အထူးသဖြင့် အမျိုးသားပညာရေးကို အင်္ဂလိပ်အစိုးရကျောင်း၊ သာသနာပြု မစ်ရှင်ကျောင်းများနှင့် ရင်ပေါင်တန်းနိုင်ရန် မြို့မအမျိုးသား အထက်တန်းကျောင်းကြီးကို ပြုစု ပျိုးထောင်ပေးခဲ့သူ မြို့မဖခင်၊ သုခမိန်တစ်ဦးအဖြစ် ဆရာကြီးဦးဘလွင်သည်ထင်ရှားသည်။ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ သမာဓိမြို့ဝန် ပန်းကန်စက် ဦးသော်[1] မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဓာတုဗေဒမင်းကြီးနှင့် ဝန်ကြီး ဦးချစ်သောင်း၊ ရန်ကုန်မြို့ မြို့မမိန်းကလေးကျောင်းတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆာဦးသွင် တို့မှာမြန်မာပြည် သမိုင်းတွင်လွန်စွာထင်ရှားသည်။[2]

ဆန်စက်ပိုင်ရှင် ပန်းကန်စက်ပိုင်ရှင် ပန်းကန်စက်ဦးသော်၊ ဆန်ပွဲစားကြီးဦးဘိုးမြိုင်၊ နှင့် ဆန်စက်ပိုင်ရှင် ဆာဦးသွင် တို့သည် မြို့မကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ,တည် လှူဒါန်းခဲ့သည်။[3] မီးပုံးပျံ ဦးကျော်ရင် သည် ရန်ကုန်မြို့၊ ကန်တော်ကြီး အလယ်ကျွန်း၌ မီးပုံးပျံ သုံးကြိမ်တိုင် အောင်မြင်စွာ စီးပြခဲ့ပါသည်။ ရရှိသမျှ ငွေအားလုံးကိုလည်း ကုန်ကျစရိတ်မျှသာ နှုတ်ယူပြီး မြို့မကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေသို့ လှူဒါန်းခဲ့သည်။

အ.ထ.က (၂) ဒဂုံ (မြို့မအထက်တန်းကျောင်း)
၁၉၂၀ ပြည့်နှစ် ရန်ကုန်မြို့ရှိ မြို့မကျောင်းပုံ
၁၉၆၀ ပြည့်နှစ် မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးများ

သမိုင်းကြောင်း

၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာရယ် ဂျီနယ် ကရက်ဒေါက် (Sir Reginald Craddock) က အတည်ပြုလိုက်သော တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ပေးရန် အနှံ့အပြား တောင်းဆိုမှုများကို အစိုးရက မလိုက်လျောသောကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့) တွင် မြန်မာပြည်၏ ပထမဆုံး တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာလေသည်။ ထိုသို့ ကျောင်းသားသပိတ် မှောက်စဉ်အတွင်း ပညာသင်မပျက်စေခြင်းငှာ ရန်ကုန်မြို့ ဗဟန်းရပ်ကွက်တွင် အမျိုးသား ကောလိပ်တစ်ကျောင်းကို ပညာရေးစိတ်ထက်သန်သူများနှင့် သပိတ်မှောက် ကျောင်းသားများက ဦးစီးတည်ထောင်ကြ၏။ နောင်တွင် သပိတ်လှန်သော်လည်း သပိတ်မှောက်ကျောင်းသားများပင် ကျွန်ပညာကို ဆက်လက် မသင်လိုတော့ပြီဟု ဆုံးဖြတ်ကာ တိုင်းပြည်အနှံ့ မြို့မကျောင်း အစရှိသော အမျိုးသားကျောင်း ၉၃ ကျောင်း တည်ထောင်ခဲ့၏။

မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။[2] ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ဦးအနီးရှိ ဗဟန်းကြားတောရကျောင်း ရွှေကျင်ကျောင်းတိုက်၊ ဦးအရိယကျောင်းတိုက်၊ တိုင်တစ်ရာကျောင်း၊ ဒေါ်ကြုတ်ဇရပ် စသော ဘုန်းကြီးကျောင်းများ၊ ဇရပ်များတွင် ဗဟိုနေရှင်နယ်အမျိုးသားကျောင်း (မြို့မ တိုင်းရင်းသားအထက်တန်းကျောင်း) ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၁၉၂၁ မတ်လမှ ၁၉၂၃ မတ်လအထိ လမ်းမတော် သရက်တောကျောင်းဝင်း၊ မှန်ကင်းဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရသည်။[4] မြို့မတိုင်းရင်းသားအထက်တန်းကျောင်း (မြို့မကျောင်း) ကို ဗဟန်းမြို့နယ်မှသည် လမ်းမတော်မြို့နယ်၊ လမ်းမတော်မြို့နယ် မှသည် ဒဂုံမြို့နယ် ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၆၅ ခုနှစ် ပြည်သူပိုင်သိမ်းဆည်းသည်အထိ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း အမည်တွင်ခဲ့သည်။ ပြည်သူပိုင်သိမ်းပြီးနောက် အ.ထ.က(၂)ဒဂုံ အဖြစ်တည်ရှိခဲ့သည်။[2]

မြို့မကျောင်းကို ဗဟန်းမြို့နယ် မှသည် လမ်းမတော်မြို့နယ်၊ လမ်းမတော်မြို့နယ် မှသည် ဒဂုံမြို့နယ် ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ မြို့မကျောင်းသစ်ကြီးကို ဒဂုံ မြို့နယ်ဂေါ်ဒွင်လမ်း( မြို့မကျောင်းလမ်း) ၌ ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် တနင်္လာနေ့ ညနေ ၄:၃ဝ နာရီတွင် အလယ်တောရ ဆရာတော် ဦးကောသလ္လ ကိုယ်တိုင် ပန္နက်ချပေးခဲ့ပြီး ၁၉၃၁ ခုနှစ်ဒီဇင်ဘာလ (၄) ရက်တွင်ဖွင့်လှစ်ခဲ့သည်။[5] ၁၉၂၅ ခုနှစ်တွင် မြို့မကျောင်းသားကျောင်းသူဟောင်းများအသင်းအား တည်ထောင်ခဲ့သည်။

ကျောင်းအုပ်ကြီးများ

ကျောင်းအုပ်ဆောင်ရွက်ခဲ့သော
ကာလ
မှတ်ချက်ပုံ
ဦးဖိုးလတ်(BA., M.A., BCS)၁၉၂၀-၁၉၂၁ပထမဦးဆုံးသောကျောင်းအုပ်ကြီး၊ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်ကောင်စီ ဒုတိယဥက္ကဋ္ဌ[6] ဦးဖိုးလတ်
ဦးစောလွင် (B.A)၁၉၂၁-၁၉၂၂ပထမ ၆ လ
ဦးလှဖေ (B.A)၁၉၂၁-၁၉၂၂ဒုတိယ ၆ လ
နေရှင်နယ်ဦးမြင့် (B.A)၁၉၂၂-၁၉၂၃၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်
ဦးကိုကို (B.A., B.L.,)၁၉၂၃-၁၉၂၄ပထမ ၆ လ
ဦးငွေဇင် (B.A)၁၉၂၃-၁၉၂၄ဒုတိယ ၆ လ[7]
ဦးဘလွင် (B.A (Honours)., F.R.G.S (Fellows of the Royal Geographical Society) (England))၁၉၂၄-၁၉၂၅ ဦးဘလွင်
ဦးမြင့်သိန်း (M.A (Cambridge University)., B.L (Lincoln's Inn of London))၁၉၂၅-၁၉၃၁နိုင်ငံတော်တရားဝန်ကြီးချုပ်၊ ပထမဆုံးသော တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊[8] သတိုးမဟာသရေစည်သူဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့
ဒေါက်တာသိန်းမောင် (BA., M.M.F., M.L.C)၁၉၂၅-၁၉၃၂ဆရာဝန်၊ ပထမဆုံးသော ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ဒေါက်တာ
သိန်းမောင်
ဦးအောင်လှ (M.A)၁၉၃၂-၁၉၃၃ပထမဦးဆုံးသော မြန်မာလူမျိုး သင်္ချာပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်[9][4]
ဦးဧသွယ် (B.A)၁၉၅၃-၁၉၅၇၁၉၂၀ မှသည် ၁၉၅၅ ခုနှစ်အထိ မြို့မကျောင်းတွင် သက်တမ်းအရှည်ဆုံး ဒုတိယကျောင်းအုပ်ဆရာကြီး (နောင်အခါ ကျောင်းအုပ်ဆရာကြီး) ဖြစ်ပြီး ဝဏ္ဏကျော်ထင် ဦးဧသွယ်အဖြစ်ထင်ရှားသည်။[4] (၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်) ဦးအေးသွယ်
ဦးဘတင် (B.A)၁၉၅၇-၁၉၆၈၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ် ဦးဘတင်
ဦးဘစော (BA., BEd)၁၉၆၈-၁၉၇၀- ဦးဘစော
ဦးလှသိန်း (BA., BEd.)၁၉၇၀-၁၉၇၂- ဦးလှသိန်း
ဦးငြိမ်းမောင် (BA., BEd.)၁၉၇၂ - ၁၉၈၂- ဦးငြိမ်းမောင်
ဦးဝင်းစိုး (BA., BEd.)၁၉၈၂ - ၁၉၈၄- ဦးဝင်းစိုး
ဦးတင်ဝင်း (BA., BEd.)၁၉၈၄ - ၁၉၈၈-ဦးတင်ဝင်း
ဦးခင်မောင်ညွန့် (BA., Ed. BEd.)၁၉၈၈ - ၁၉၉၀- ဦးခင်မောင်ညွန့်
ဦးဟန်သိန်း (BA., BEd.)၁၉၉၀ - ၁၉၉၇
ဦးသာဝင်း (BEd.)၁၉၉၈- ၁၉၉၉- ဦးသာဝင်း
ဦးတင်လှိုင် (BEd.)၁၉၉၉- ၂၀၀၂- ဦးတင်လှိုင်
ဦးတင်မောင်ထွန်း (BSc. Dip .Ed.)၂၀၀၂-၂၀၁၁- ဦးတင်မောင်ထွန်း
ဦးအေးသင်း (BA., B.Ed)၂၀၁၁-၂၀၁၆[10][11]-
ဦးစိုင်းကိုလေး၂၀၁၆ - ၂၀၁၈-
ဦးကိုကိုနိုင်၂၀၁၈ - ယခု-

မြို့မကျောင်းအုပ်ဆရာကြီး ဆရာကြီးဦးဘလွင် (၁၈၉၂-၁၉၆၈) မှာ ၁၉၂၄ ခုနှစ်မှ ၁၉၅၃ ခုနှစ် အထိ မြို့မကျောင်းဆရာနှင့် မြို့မကျောင်းအုပ်ဆရာကြီးအဖြစ် ဆောင်ရွက်ခဲ့သည်ဟု မှတ်တမ်းများတွင် တွေ့ရသည်။ ဦးဘလွင်သည် ၁၉၆ဝ ပြည့်နှစ်မှ ကွယ်လွန်ချိန် ၁၉၆၈ ခုနှစ်အထိကွယ်လွန်သည့်တိုင် မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ အကျိုးတော်ဆောင် ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

မြို့မဟောင်းများ

ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးများ

  • ပွဲစားကြီး ဦးဘိုးမြိုင် (ဥက္ကဋ္ဌ)
  • နိုင်ငံတော် ရာဇဝတ်တရားသူကြီး (first class) သမာဓိမြို့ဝန်၊ မြန်မာနိုင်ငံ၏ပထမဆုံး ပန်းကန်စက်ပိုင်ရှင် ပန်းကန်စက်ဦးသော် (ဥက္ကဋ္ဌ)
  • ဒေါက်တာသိမ်းမောင် (ဖိနပ်-သိမ်းမောင်) (တရားရေးဝန်ကြီး၊ နိုင်ငံတော်တရားသူကြီးချုပ်)
  • ဒေါက်တာသိန်းမောင် (မြန်မာနိုင်ငံ၏ပထမဆုံး ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး)
  • သူဌေးကြီး ဆာဦးသွင် (ဥက္ကဋ္ဌ)
  • ဝန်ကြီး ဦးချစ်သောင်း
  • ဆရာကြီး ဦးဘလွင် (အကျိုးတော်ဆောင်)
  • ဆရာကြီးဦးဧသွယ် (၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်)
  • ဆရာကြီး ဦးစံထွား(၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်)
  • ဆရာကြီးဦးဘတင် (၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်)
  • နိုင်ငံတော်တရားသူကြီးချုပ် ဦးရန်အောင်
  • ခေတ်စမ်းစာပေ စတင်ဖော်ထုတ်ခဲ့သူ ဆရာဇော်ဂျီ(မြို့မကျောင်းသားဟောင်း၊ မြို့မကျောင်း ဆရာဟောင်း)
  • ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်[4]
  • မြို့မဆရာဟိန် (မြို့မကျောင်းသားဟောင်း၊ မြို့မကျောင်း ဆရာဟောင်း)
  • ရန်ကုန်သတင်းစာ အယ်ဒီတာချုပ် ဆရာကြီး ဦးအောင်မြင် (မြို့မမောင်)
  • နိုင်ငံတော်စီးပွားကုန်သွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်)
  • ဦးယုစိုင်
  • ဒေါက်တာရွှေသွင်
  • ဗိုလ်မှူးကြီးအောင်သိန်း (ရေ)
  • ဆရာမကြီး ဒေါ်တင်တင်စိန်
  • ဆရာမ ဒေါ်ခင်မကြီး

ထင်ရှားသော ဆရာဟောင်းများ

ထင်ရှားသော ကျောင်းသား‌ဟောင်းများ

စာပေပညာရှင်များ

ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်များ

  • စန္ဒရားလှထွတ်
  • စန္ဒရားငွေစိုး
  • စန္ဒရားနီနီ
  • စန္ဒရားမောင်မောင်အေး
  • တေးရေးပုဏ္ဏက
  • ထွန်းထွန်းနိုင်
  • ဆန်းဝင်း (ရွှေမန်းတင်မောင်၏သား)
  • သိုက်စိုး
  • ခင်အေးဟန်
  • နေစိုး
  • သမန်းကျားမျိုးသန့်
  • မေယု
  • မောင်သန်းဝင်း
  • ခင်သီတာထွန်း
  • သူဇာ
  • ခင်အုန်းမြင့်
  • တေးသံရှင် လှမြင့်ဦး
  • ဂီတစာဆို မောင်တင့်နွယ်
  • ဂီတစာဆို မောင်ကြေးမုံ
  • မြို့မကြည်ကြည်အေး
  • မြန်မာပြည်သိန်းတန်
  • တစ်ခိုင်လုံးရွှေ အေးအေးမြင့်
  • မို့မို့အေး (မိုးနတ်သူဇာအငြိမ့်)
  • ဒါရိုက်တာ ညီညီထွန်းလွင်
  • ဒါရိုက်တာ စိန်ဖေတင်
  • ဒါရိုက်တာ ဦးတင်ယု
  • ဒါရိုက်တာ ခင်မောင်ဦး (မောင်မဲ)
  • ဒါရိုက်တာ မောင်မောင်မြင့်
  • အကယ်ဒမီ အင်္ဂလန်စိန် (ငြိမ်းငြိမ်းအိ)
  • အောင်ရဲလင်း
  • စံရတီမိုးမြင့်[25]
  • အေဝမ်းသိန်းဇော်
  • ဝင်းမော် (ရွှေသံဇဉ်)
  • ခင်ချမ်းသာ (Iron cross)
  • မိတ်ကပ် ခင်စန်းဝင်း
  • ဆိုင်းပညာရှင် စိန်မျက်ပြူး

အားကစားထူးချွန်သူများ

  • ဗိုလ်ကြီးထွန်းမောင် (အာရှအလေးမချန်ပီယံ)
  • ဦးနေဝင်း (လက်ဝှေ့)
  • ဗိုလ်ကြီးအေးသိန်း (ပြေးခုန်ပစ်)
  • ဒေါ်စိန်အေး (မယ်ဗမာ)
  • ဒေါ်ခင်မြင့်မြင့် (မယ်ဗမာ)
  • ဦးကံဦး (သေနတ်ပစ်)
  • ဦးမြင့်ကြွယ် (မြို့မ-မြင့်ကြွယ်) (၁၉၇၈ ရန်ကုန်တိုင်းကရာတေးချန်ပီယံ)

ဘောလုံး

  • ဆရာငြိမ်း (နည်းပြ)
  • ဆရာဦးဘသောင်း (အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်ဒိုင်လူကြီး၊ ထင်ရှားသောဘောလုံးနည်းပြဆရာကြီး)
  • ဆရာဦးစိန်လှိုင် (ဘောလုံးနည်းပြချုပ်၊ မြန်မာ့လက်ရွေးစဉ်ဘောလုံးသမားအများအပြားအား ပြုစုလေ့ကျင့်ပေးခဲ့သူ)
  • ဦးသောင်းမြင့်ထွန်း
  • ဦးစုရင်
  • ဦးလှရွှေလေး
  • ဦးမျိုးဝင်းညွန့်
  • ဂိုး ဦးခင်မောင်ထွန်း
  • ဂိုး ဦးလှမောင်

ကာတွန်းဆရာများ

  • ကာတွန်းဦးဟိန်စွန်း
  • ကာတွန်းဌေးဝင်းဇော်
  • ကာတွန်းမောင်ဝဏ္ဏ
  • ကာတွန်းဇော်မော်[4]

ကျော်ကြားမှု

  • အမျိုးသားကျောင်းများအစ-မြို့မကျောင်းက
  • အမျိုးသားပညာရေးအစ-မြို့မကျောင်းက
  • အင်္ကျီအဖြူရောင်၊ လုံချည်အစိမ်း တူညီကျောင်းဝတ်စုံအစ-မြို့မကျောင်းက ဟူ၍ မြန်မာ့သမိုင်းတွင်ထင်ရှားခဲ့သည်။

မြန်မာနိုင်ငံ အစိုးရက မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် ကျောင်းတည်ရှိရာ လမ်းကို ဂေါ်ဒွင်လမ်းမှ မြို့မကျောင်းလမ်း အဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် မိုင်ဒါကွင်းကို မြို့မ ကွင်းအဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

ကျောင်းဝတ်စုံ

မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ပန်းကန်စက် ဦးသော်[1] က မြို့မကျောင်း၏ လုံချည် အစိမ်းရောင်နှင့် အင်္ကျီအဖြူရောင် ကျောင်းဝတ်စုံသည် နှစ်ပေါင်းများစွာကတည်းကပင် သတ်မှတ်ဝတ်ဆင်ခဲ့ကြောင်း ယခု မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကျောင်းဝတ်စုံကို တူညီဝတ်စုံ သတ်မှတ်ရာတွင် မိမိတို့ မြို့မကျောင်း၏ လုံချည်အစိမ်း အင်္ကျီအဖြူရောင်ကို စံပြ နမူနာယူပြီး သတ်မှတ်သင့်ကြောင်း၊ အဖြူရောင်သည် စိတ်ထားဖြူစင်ခြင်း။ ရိုးသားဖြောင့်မတ်ခြင်းကို ကိုယ်စားပြုပြီး အစိမ်းရောင်သည် စိမ်းလန်းစိုပြည်သော မြန်မာ့ ဆန်ရေစပါးကို ကိုယ်စားပြုကြောင်း၁၉၆၂ ခုနစ်တွင် မြို့မကျောင်း (၄၂) နှစ် မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ကြားခဲ့သည်။ များမကြာမီ မြန်မာနိုင်ငံ အစိုးရကလည်း တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံး၏ တူညီ ဝတ်စုံ အဖြစ် အဖြူနှင့် အစိမ်းကို သတ်မှတ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းများတွင် တွေ့ရှိရသည်။ ထိုကြောင့် အင်္ကျီအဖြူရောင်၊ လုံချည်အစိမ်း တူညီကျောင်းဝတ်စုံအစ၊ မြို့မက ဟူ၍ ဆိုရိုးစကား ပေါ်ထွန်းလာခဲ့သည်။[2]

အမွေအနှစ်အဖြစ် သတ်မှတ်ခြင်း

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အထက(၂)ဒဂုံ (မြို့မကျောင်း) အား ၂၃ ခု မြောက် မြို့ပြအမွေအနှစ်အဆောက်အအုံအဖြစ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခဲ့သည်။[26]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. မောင်ဇေယျာ (မတ် ၂၀၁၀)။ မြန်မာလူကျော် ၁ဝဝ (ပထမအုပ်) စာအုပ်။ UNITY စာပေ။
  2. မြို့မ-မြင့်ကြွယ် (၂၀၀၇ ခုနှစ်)။ ၂၀၀၃ စာပေဗိမာန်စာမူဆု စာပဒေသာပထမဆုရ မြို့မဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒါန်းအစ။ ရန်ကုန်မြို့: ပြန်ကြားရေး ဝန်ကြီးဌာန စာပေဗိမာန် |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  3. ဝိုင်အမ်ဘီအေ ၇၅ နှစ် ခရီး၊ ရန်ကုန်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း၊ ၁၉၈၂။
  4. သမိုင်းပြုစုရေးအဖွဲ့ (၂၀၁၂)။ မြို့မအမျိုးသားကျောင်းသမိုင်း။ အမှတ် ၆၈၊ စကားဝါလမ်း၊ ဒဂုံမြို့နယ်: ဦးစိုးဝင်း (မြို့မကျောင်းသားကျောင်းသူဟောင်းများအသင်းဥက္ကဋ္ဌ)။CS1 maint: location (link)
  5. မြို့မ မဂ္ဂဇင်း။ မဂ္ဂဇင်းအတွင်းရေးမှူး ဆရာမဒေါ်ခင်ဆွေ။ ၁၉၉၆။
  6. မောင်သုတ (ဗိုလ်မှူးဘသောင်း) (၂၀ဝ၂ ခုနှစ်)။ စာဆိုတော်များအတ္ထုပ္ပတ္တိ (ပဉ္စမအကြိမ် ed.)။ ဦးလှကြိုင် [ဝ၂၃၃]၊ လောကစာပေ။ p. စာမျက်နှာ ၃၄၈။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  7. The Voice of Young Burma - Kyaw Ēi (U.), Kyaw Ei (U.), Aye Kyaw - Google Books
  8. Burma’s Constitution - Maung Maung - Google Books
  9. ကုမုဒ။ "အမှတ်တရဖြစ်နေရသော ဆရာကြီး ဆရာမကြီးများ" (ဆောင်းပါး)၊ ကြေးမုံသတင်းစာ၊ pp. စာမျက်နှာ ၆ 26 October 2020 တွင် ပြန်စစ်ပြီး
  10. ပုဂ္ဂလိကအထက်တန်းကျောင်းများမှ ကျောင်းသားတချို့ အစိုးရကျောင်းများသို့ ပြန်လည်ပြောင်းရွှေ့ ခြင်းများရှိလာ
  11. http://www.myanmarinternationaltv.com/news/national-day-celebration-myoma-school
  12. အရှင်ဝိနယ၏ထေရုပ္ပတ္တိ doc
  13. ၁၉၃၉ - တရုတ်ပြည်သွား အဖြစ်အပျက်များကို ဂန္ဓာလရာဇ် အမည်ဖြင့် သခင်နု ရေး၍ နဂါးနီ စာအုပ်တိုက်မှ ထုတ်ဝေ။
  14. ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈)။ ဘော်သုံးကျိပ်။ ပထမ အကြိမ်။ အင်းဝ စာအုပ်တိုက်။
  15. သခင်အောင်ကြီး(ပေါင်းတည်)၏ ထပ်တစ်လဲလဲ အမှားများ သခင်တင်မြ (ဆောင်းပါး) (04 Nov 2011)။
  16. နိုင်ငံတော်၊ အစိုးရ (၁၉၇၂)။ ပင်လုံညီလာခံ သမိုင်းစဉ် အကျဉ်း။ ပြန်ကြားရေး ဝန်ကြီးဌာန၊ စာပေဗိမာန်။ p. ၁၃၈။
  17. ၁၉၈၀ မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း
  18. Reports on meetings of the National Convention Convening Commission (ဆောင်းပါး)။ The New Light of Myanmar 2012-02-19 တွင် ပြန်စစ်ပြီး။
  19. https://www.facebook.com/notes/alumni-myanmar-institutes-of-medicine-amim/brief-biography-of-brig-gen-dr-kyaw-win-frcp-dtmh/170800699604091
  20. ကုမုဒ။ "အမှတ်တရဖြစ်နေရသော ဆရာကြီး ဆရာမကြီးများ" (ဆောင်းပါး)၊ ကြေးမုံသတင်းစာ၊ pp. စာမျက်နှာ ၇ 26 October 2020 တွင် ပြန်စစ်ပြီး
  21. အလိမ်ခံလိုက်ရလို့ ရေတိမ်နစ်သွားရရှာတဲ့ နောက်ထပ် ဒါမျိုးထပ်မဖြစ်ပါဘူးလို့ မည်သူအာမခံနိုင်ပါမည်လဲ (29 September 2020)။
  22. ပါမောက္ခသိန်း (ပါမောက္ခဒေါက်တာညွန့်သိန်း)။ "ရန်ကုန်တက္ကသိုလ် ရာပြည့်အထိန်းအမှတ် အထူးကဏ္ဍ" (ဆောင်းပါး)၊ ကြေးမုံသတင်းစာ၊ pp. စာမျက်နှာ ၉။
  23. ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဒဂုံမြို့နယ် NLD ကိုယ်စားလှယ် ဦးတင်မောင်ထွန်း အားရွေးချယ် - YouTube
  24. ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတည်ပြု
  25. A peek into the life of Actress San Yati Moe Myint - Eleven Media Group
  26. မြို့ပြအမွေအနှစ်အထိမ်းအမှတ် ၂၃ ခုမြောက်အပြာရောင်ကမ္ဗည်းပြား ဒဂုံ ၂ အထက်တန်းကျောင်းတွင်တပ်ဆင်
  • ၁၉၉၅ ခုနှစ် မြို့မကျောင်း စိန်ရတု အထိမ်းအမှတ်စာအုပ်
  • ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်စာအုပ်
  • ခင်နှင်းဦး (ဇူလိုင် ၁၉၉၅). "ပထမဦးဆုံး အာဇာနည်နေ့ အခမ်းအနား" အတွဲ ၂၊ အမှတ် ၁၁.

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.