ကုန်သွယ်ရေး ဦးစီးဌာန
ကုန်သွယ်ရေး ဦးစီးဌာန (အင်္ဂလိပ်: Department of Trade) သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။
![]() | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၉၆၇ |
ယခင်အဖွဲ့အစည်း | ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန |
ဌာနချုပ် | ရုံးအမှတ် (၃)၊ နေပြည်တော် |
ဝန်ကြီးများ | ဒေါက်တာသန်းမြင့် |
ဌာနအကြီးအမှူးများ | ၊ ညွှန်ကြားရေးမှူးချုပ် |
မိခင်အဖွဲ့အစည်း | စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | dot.gov.mm |
သမိုင်းကြောင်း
၁၉၆၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စီးပွားရေးမူဝါဒများအရ ကုန်သွယ်ရေး ကော်ပိုရေးရှင်းများကို ပြန်ကျုံ့ကာ အောက်ပါအတိုင်း စီးပွားရေးဆန်ဆန် ပြန်လည်ဖွဲ့စည်းဆောင် ရွက်ခဲ့သည် -
- (က)ကုန်သွယ်ရေးဦးစီးဌာန
- (ခ)ကုန်သွယ်ရေးကော်ပိုရေးရှင်း ၁၁ ခုနှင့် ယင်းတို့၏ လုပ်ငန်းစု၊ လုပ်ငန်းခွဲများ၊ ဆိုင်များနှင့် စက်ရုံအလုပ်ရုံများ။
- (ဂ)ပြည်နယ်/တိုင်း ကုန်သွယ်ရေး ၁၄ ခု။
ယခင်ကုန်သွယ်ရေးဝန်ကြီးဌာနအမည်ဖြင့် ဖွဲ့စည်းခဲ့သော ကုန်သွယ်ရေးဦးစီးဌာနနှင့် ကော်ပိုရေးရှင်း ၁၁ ခုအား ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရောင်းဝယ်ရေး ၆ ခုနှင့် လုပ်ငန်း ၄ ခုတို့ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။တဖန် ၁၉၉၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှစ၍ ကုန်သွယ်ရေးဝန်ကြီးဌာနအမည်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟူ၍ ယနေ့အထိ အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယင်းနောက် ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကုန်ရောင်းဝယ်ရေးနှင့်လုပ်ငန်း ၈ ခုအား ဖျက်သိမ်းခဲ့သည်။ ထို့ပြင် ၂၀၀၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သော ဆန်စပါး မူဝါဒအသစ်အရ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို နိုင်ငံတော် လိုအပ်ချက်နှင့်အညီ ပြုပြင်ဖွဲ့စည်းကာ နိုင်ငံတော်၏စီးပွားရေးကဏ္ဍတွင် ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့သည်။၂၀၁၅ ခုနှစ်ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅)၏ သဘောတူညီချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်-[1]
- (က)ဝန်ကြီးရုံး
- (ခ)ကုန်သွယ်ရေးဦးစီးဌာန
- (ဂ)စားသုံးသူရေးရာဦးစီးဌာန
- (ဃ)မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
ကုန်သွယ်ရေးဦးစီးဌာနသည် ကုန်းလမ်း၊ ပင်လယ်ရေကြောင်းနှင့် လေကြောင်းတို့မှ တင်ပို့ တင်သွင်းသည့် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆောင်ရွက်သည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ဒေသတွင်း ကုန်စည်စီးဆင်းမှု၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်လျှက်ရှိသည်။
ဖွဲ့စည်းပုံ
- စီမံရေးရာဌာနခွဲ
- ငွေစာရင်းဌာနခွဲ
- ပို့ကုန်/သွင်းကုန်လုပ်ငန်းဌာနခွဲ
- ကုန်သွယ်မှုမူဝါဒဌာနခွဲ
- စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ
- ဌာနတွင်းလုပ်ငန်းနှင့်စာရင်းစစ်ဆေးရေးဌာနခွဲ
- နယ်စခန်းများညှိနှိုင်းကွပ်ကဲရေးဌာနခွဲ
- WTO နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများဌာနခွဲ
- နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲ
- ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ
- သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ
- ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲ
- ကုန်သွယ်မှုပညာပေးရေးဌာနခွဲ