အာရှ-ပစိဖိတ်

အာရှ-ပစိဖိတ်ဒေသ (Asia-Pacific or Asia Pacific; အတိုကောက် Asia-Pac, AsPac, APAC, APJ, JAPA or JAPAC) သည် ပစိဖိတ်သမုဒ္ဒရာ အနောက်ဖက်ပိုင်းရှိ သို့မဟုတ် အနောက်ဖက်ပိုင်းအနီးနားရှိ ဒေသကို ဆိုလိုသည်။ အာရှ-ပစိဖိတ်ဒေသတွင် ယေဘုယျအားဖြင့် အရှေ့အာရှတောင်အာရှအရှေ့တောင်အာရှနှင့် အိုရှန်းနီးယားတို့ ပါဝင်သည်။

အာရှ-ပစိဖိတ်ဒေသ

တစ်ခါတစ်ရံ ရုရှားနိုင်ငံ (ပစိဖိတ်မြောက်ပိုင်း) နှင့် ပစိဖိတ်သမုဒ္ဒရာ အရှေ့ဖက်ကမ်းရိုးတန်းတွင်ရှိသော အမေရိကရှိ နိုင်ငံများကိုပါ ထည့်သွင်းတတ်သည်။ ဥပမာအားဖြင့် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တွင် ကနေဒါနိုင်ငံချီလီနိုင်ငံရုရှားနိုင်ငံမက္ကဆီကိုနိုင်ငံပီရူးနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု တို့ ပါဝင်ကြသည်။

တစ်နည်းအားဖြင့် ကမ္ဘာအား ဒေသကြီးများအဖြစ် ပိုင်းခြားခေါ်ဆိုရာတွင် အာရှ-ပစိဖိတ်ဒေသကို အာရှတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံများအားလုံး အပါအဝင် ဩစတြေးလေးရှား ဒေသများကို ရည်ညွှန်းလေ့ရှိသည်။ (ဥပမာ။ အမေရိကEMEC နှင့် အာရှပစိဖိတ်)

ပါဝင်သည့် ဧရိယာများ

ယေဘုယျအားဖြင့် အာရှ-ပစိဖိတ်ဒေသတွင် အောက်ပါတို့ ပါဝင်ကြသည်။

အဓိကနိုင်ငံများနှင့် နယ်မြေများ၏ အချက်အလက်များ

နိုင်ငံ / နယ်မြေ ဧရိယာ
(km²)
လူဦးရေ လူဦးရေ သိပ်သည်းဆ
(/km²)
GDP
အမေရိကန်ဒေါ်လာ သန်းပေါင်း (၂၀၁၄)
[GDP per capita
အမေရိကန်ဒေါ်လာ (၂၀၀၉-၂၀၁၁)
မြို့တော်
 အမေရိကန်ဆမိုးအား၁၉၉၅၄,၇၁၉၃၂၆၅၃၇၇,၈၇၄ ပါဂိုပါဂိုမြို့
 ဩစတြေးလျ၇,၆၉၂,၀၂၄၂၃,၇၃၁,၀၀၀၂.၈၁,၄၈၂,၅၃၆၄၁,၅၀၀ ကင်ဘာရာမြို့
 ဘရူနိုင်း၅,၇၆၅၄၁၅,၇၁၇၆၇.၃၁၇,၄၂၆၃၆,၇၀၀ ဘန်ဒါဆရီဘဂါဝမ်မြို့
 ဘင်္ဂလားဒေ့ရှ်၁၄၇,၅၇၀၁၅၆,၅၉၄,၉၆၂၁,၀၃၃.၅၄၉၆,၀၀၀၃,၁၆၇ ဒါကာမြို့
 ကမ္ဘောဒီးယား၁၈၁,၀၃၅၁၅,၂၀၅,၅၃၉၈၁.၈၁၆,၈၉၉၈၀၀ ဖနွမ်းပင်မြို့
 တရုတ်၉,၅၉၆,၉၆၁၁,၃၅၇,၃၈၀,၀၀၀၁၄၅၁၀,၃၅၅,၃၅၀၆,၀၇၆ ပေကျင်းမြို့
 ဟောင်ကောင်၁,၁၀၄၇,၂၃၄,၈၀၀၆,၅၄၄၂၉၂,၆၇၇၃၀,၀၀၀ ဟောင်ကောင်
 အိန္ဒိယ၃,၂၈၇,၅၉၀၁,၂၁၀,၁၉၃,၄၂၂၃၈၁.၃၂,၀၄၇,၈၁၁၅,၇၇၇ နယူးဒေလီမြို့
 ပါကစ္စတန်၈၀၃,၉၄၀၁၉၆,၁၇၄,၃၈၀၂၃၄.၄၈၈၄,၀၀၀၄,၅၁၅ အစ္စလာမာဘတ်မြို့
 အင်ဒိုနီးရှား၁,၉၀၄,၅၆၉၂၅၂,၁၆၄,၈၀၀၁၂၄.၆၆၈၅၆,၀၆၆၃,၅၀၀ ဂျကာတာမြို့
 ဂျပန်၃၇၇,၉၄၄၁၂၆,၄၃၄,၉၆၄၃၃၇၄,၇၆၉,၈၀၄၃၉,၇၀၀ တိုကျိုမြို့
 မြောက်ကိုရီးယား၁၂၀,၅၄၀၂၄,၈၉၅,၀၀၀၁၉၈၂၇,၈၂၀၁,၂၀၀ ပြုံယမ်းမြို့
 တောင်ကိုရီးယား၁၀၀,၂၁၀၅၁,၃၀၂,၀၄၄၅၀၀၁,၄၄၉,၄၉၄၂၀,၀၀၀ ဆိုးလ်မြို့
 လာအို၂၃၆,၈၀၀၆,၃၂၀,၀၀၀၂၇၁၁,၇၀၇၉၀၀ ဗီယင်ကျန်းမြို့
 မကာအို၂၉၅၄၁,၂၀၀၁၈,၆၆၃၃၆,၄၂၈၃၉,၈၀၀ မကာအို
 မလေးရှား၃၂၉,၈၄၇၃၀,၁၈၅,၇၈၇၈၆၃၃၆,၉၁၃၇,၅၂၅ ကွာလာလမ်ပူမြို့
 မွန်ဂိုးလီးယား၁,၅၆၄,၁၁၆၂,၇၃၆,၈၀၀၁၁,၇၂၅၁,၅၀၀ ဦလန်ဘာတာမြို့
 မြန်မာ၆၇၆,၅၇၈၅၀,၄၉၆,၀၀၀၇၄၆၅,၂၉၁၅၀၀ နေပြည်တော်မြို့
 နယူးဇီလန်၂၆၈,၀၂၁၄,၃၅၇,၄၃၇၁၆၂၀၁,၀၂၈၂၅,၅၀၀ ဝယ်လင်တန်မြို့
 ပါပူအာ နယူးဂီနီ၄၆၂,၈၄၀၆,၇၃၂,၀၀၀၁၅၁၆,၀၉၆၁,၂၀၀ ပို့တ်မော့စဘီမြို့
 ဖိလစ်ပိုင်၂၉၉,၇၆၄၁၀၁,၃၅၅,၇၀၀၃၀၇၂၈၉,၆၈၆၁,၇၀၀ မနီလာမြို့
 စင်ကာပူ၇၁၀၅,၁၈၃,၇၀၀၇,၀၂၃၃၀၇,၀၈၅၃၅,၅၀၀ စင်ကာပူ
 ထိုင်ဝမ်၃၆,၁၉၁၂၃,၁၁၉,၇၇၂၆၃၉၅၀၅,၄၅၂၂၀,၃၂၈ ထိုင်ပေမြို့
 ထိုင်း၅၁၃,၁၂၀၆၇,၇၆၄,၀၀၀၁၃၂၃၈၀,၄၉၁၃,၉၀၀ ဘန်ကောက်မြို့
 အရှေ့တီမော၁၄,၈၇၄၁,၁၇၁,၀၀၀၇၆၄,၅၁၀၅၀၀ ဒီလီမြို့
 ဗီယက်နမ်၃၃၁,၂၁၀၈၈,၀၆၉,၀၀၀၂၆၅၁၈၇,၈၄၈၁,၁၀၀ ဟနွိုင်းမြို့

ကိုးကား

    ပြင်ပလင့်ခ်များ

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.