မလွန်မြို့
မလွန်မြို့သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှ၏ တောင်ဘက်တွင် တည်ရှိသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၁၆၄-ပေတွင် တည်ရှိသည်။ မလွန်မြို့ဟောင်းသည် ဗုဒ္ဓသာသနာတော်နှင့် သက်ဆိုင်သော စိတ်ဝင်စားဖွယ်ကောင်းသည့် မြို့တစ်မြို့ ဖြစ်သည်။ "' မကွေးမှာ မြသလွန်၊ မလွန်မှာ မြသပိတ်ပါ"' ဟု တင်စားခေါ်ဝေါ်ခြင်းခံရသော မြို့တစ်မြို့လည်း ဖြစ်သည်။
မလွန်မြို့တွင် ထူးခြားသော အချက်များစွာ ရှိသည်။ မလွန်မြို့ဟောင်း၏ ထူးခြားချက်များမှာ-
- ဂူ ကိုးဂူ၊
- ကျောင်း ကိုးကျောင်း၊
- သိမ် ကိုးသိမ်၊
- တောင်ကုန်း ကိုးကုန်း၊
- မလွန်မြို့ဟောင်းအား ဝိုင်းရံထားသောရွာ ကိုးရွာ၊
- မလွန်တွင် အထင်အရှား အုပ်ချုပ်ခဲ့သော သူကြီး
ကိုးဦးရှိကြောင်း လေ့လာတွေ့ရှိရသည်။
ဂူ ကိုးဂူ
ထို့ပြင် မလွန်မြို့၏ မြသပိတ်စေတီတော်ကြီးနှင့်တကွ စေတီပေါင်း (၅၄)ဆူလည်း တည်ရှိသည်။ မလွန်မြို့သည် ရှေးယခင်က တောတောင်များဖြင့် ဆီးကာပိတ်ဖုံးခဲ့သော မြို့တစ်မြို့ ဖြစ်ခဲ့သည်။ ရှေးဟောင်းဂူကြီး ကိုးဂူမှာ -
- လယစ-၂ အမျိုးသမီးဆောင် နောက်ကြောဘက်တောင်ကုန်းပေါ်မှ ဂူ၊
- လယစ-၂ အစက်ရုံအရာရှိရိပ်သာလိုင်း နောက်ကြော တောင်ကုန်းပေါ်မှ ဂူ၊
- လယစ-၂ စက်ရုံအဝင် လက်ယာဘက်တောင်ကြောမှ ဂူ၊
- ရွှေမြင်တင် စေတီတော် အောက်ခြေရှိ ( ဓမ္မသုခဂူ)
- မြသပိတ်စေတီတော် အနောက်ဘက် ဘောလုံးကွင်းနှင့် အမျိုးသမီးအဆောင်ရှေ့ (ယခင် မြို့ရိုးဟောင်း) တောင်ကြောမှ ဂူ၊
- မောင်းတံဂိတ်ဟောင်းအနီး တောင်ကြောမှ ဂူ (မင်းပုန်းဂူ) ယခု ဓမ္မဓရလိုဏ်ဂူ၊
- ရွှေလဝင်း စေတီတော်မှ ဂူ၊
- လယစ-၂ စက်ရုံဆေးခန်းတောင်ဘက် တောင်ကုန်းမှ ဂူ၊
- စာဗူးတဲ (ခေါ်) လိုင်းခန်းများ အနောက်တောင်ကုန်းမှ ဂူတို့ ဖြစ်ကြသည်။
ကျောင်း ကိုးကျောင်း
ရှေးဟောင်းကျောင်း ကိုးကျောင်းမှာ -
- ပုဗ္ဗာရုံကျောင်း၊
- နဂါးရုံကျောင်း၊
- စာကြောကျောင်း၊
- တောင်ပေါ်ကျောင်း၊
- သာဦးကျောင်း၊
- မင်္ဂလာကျောင်း၊
- သရက်တောကျောင်း၊
- သမန္တလင်းကျောင်း၊
- ရွှေဘုန်းသာကျောင်းတို့ဖြစ်သည်။[1]
သိမ် ကိုးသိမ်၊
သိမ်ကြီး ကိုးသိမ်မှာ -
- နဂါးရုံသိမ်၊
- ရွှေဘုန်းသာသိမ်၊
- ရာဟုသိမ်၊
- ဝက်ဘိုးသိမ်၊
- ပွင့်လင်းသိမ်၊
- ကျောင်းကြီးကွက်သိမ်၊
- ရှင်ပင်ချမ်းသာကြီးသိမ်၊
- ပဒုမ္မာသိမ်၊
- မင်္ဂလာသိမ်တို့ ဖြစ်သည်။
တောင်ကုန်း ကိုးကုန်း
မလွန်ရှိ တောင်ကုန်း ကိုးကုန်းမှာ-
- စေတီလှတောင်ကုန်း
- ရှင်ပင်သက်တွဲတောင်ကုန်း
- မြသပိတ်တောင်ကုန်း
- ရွှေစည်းခုံတောင်ကုန်း
- ပုဗ္ဗာရုံတောင်ကုန်း
- ရွှေမြင်တင်တောင်ကုန်း
- ရွှေမြင်မိတောင်ကုန်း
- ရှင်ပင်မုနိတောင်ကုန်း
- ဘုရားနီတောင်ကုန်းတို့ ဖြစ်သည်။
ရွာကြီး ကိုးရွာ
မလွန်မြို့အား ဝိုင်းရံထားသော ရွာကြီး ကိုးရွာမှာ
- ဉယျာဉ်ကျေးရွာ
- ပန်းတော်ပြင်ကျေးရွာ
- မယ်ဇလီတောကျေးရွာ
- ကုန်းကြီးကျေးရွာ
- ဂျင်ရဲမြောင်ကျေးရွာ
- ညောင်ပင်ကျင်းကျေးရွာ
- သက္ကယ်ကျင်းကျေးရွာ
- ရေခါးကျေးရွာ
- ကတကျေးရွာတို့ ဖြစ်သည်။
မလွန်မြို့သည် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် မြန်မာတို့၏ စစ်လှေများ အခြေစိုက်ရာ စခန်းနှင့် တောင်ဘက်မြို့ရိုး သစ်လုံးခံတပ်တို့ဖြင့် နယ်ချဲ့တို့ကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့သော သမိုင်းဝင် မြို့တစ်မြို့ ဖြစ်ပေသည်။
ကိုးကား
- မန္တလေးနေ့စဉ်သတင်းစာ၊ (၈.၁၂.၂၀၁၇) စာ-၁၆