တောင်တော်သခင်မ

တောင်တော်သခင်မသည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[1]

သမိုင်း

တောင်တော်သခင်မသည် တောင်ပြုန်းနယ်၊ အင်ကျယ်ရွာသူကြွယ်တစ်ဦး၏သမီးဖြစ်ပြီး အမည်မှာ မရွှေဥဖြစ်သည်။ နောင်အခါတွင် တောင်ပြုန်းရွာသား သစ်ကုန်သည်မောင်ရင်မောင် နှင့် အကြောင်းသင့်ကာတောင်ပြုန်းရွာတွင် လိုက်နေသည်။ မကြာမီ မောင်ရင်မောင်သည် အထက်မဲဇာအရပ်သို့ သစ်ဖောင်ချသွားခိုက် တောင်ပြုန်းမင်းကလေး ရွှေဖျဉ်းငယ်က မေတ္တာရှိသည်ကို မေတ္တာမတုံ့ပြန်သည့်အတွက် ကျားနှင့်တိုက်သတ်ခဲ့ရာ သေဆုံး၍ နတ်ဖြစ်ခဲ့သည်။[1]

(လူ့ဘဝက ကျားနှင့်တိုက်သတ်ခံရသောကြောင့် တောင်တော်သခင်မအဖြစ်သို့ ရောက်နေသည့်တိုင်အောင် ရန်ငြိုးမပြ​ေပေ။ တောင်ပြုန်းပွဲတော်အချိန်၌ ချိုးရေတော်ပွဲအတွက် မင်းညီနောင် နတ်ရုပ်များကို ချိုးရေဆိပ်သို့ ထမ်းစင်နှင့် ယူဆောင်ကြသောအခါ မယ်ဥ (တောင်တော်သခင်မ) နတ်စင်ဘေးနားရှိ လမ်းက ယူကြရသည်။ ထိုအခါ မယ်ဥနတ်စင်ကို လုံခြုံအောင် ကာပေးထားကြရသည်။ အကယ်၍ မယ်ဥ နတ်စင်ကို လုံခြုံစွာ မကာထားမိပါက မင်းညီနောင်နတ်များကို သယ်ပင့်လာသောအခါ မယ်ဥနတ်ရုပ်သည် အလိုလို တစ်ဖက်သို့လှည့်၍ ကျောခိုင်းနေတတ်သည်ဟု ပြောရိုးအစဉ်အလာ စကားကိုမှတ်သားရပါသည်။) ယင်းမယ်ဥနတ်မှာ တောင်ပြုန်း၌လည်း နတ်ရုပ်၊ နတ်စင်နှင့် ရှိသလို သခင်မတောင်တော် ခေါ် မယ်ဥတောင်၌လည်း နတ်ကွန်းနတ်စင် ရှိပါသည်။ [2]

ကိုးကား

  1. ဦးထွေးဟန် (၁၉၉၁ခုနှစ်၊ဇူလိုင်လ၊၁၇ရက်)။ မြန်မာ့မိရိုးဖလာဓလေ့နတ်သမိုင်း။ အမှတ် - ၅၊တင့်ဆန်းလမ်း၊ဗဟန်း၊ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ။ pp. ၁၃၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
  2. အောင်ခင်စိုး ရေး နတ်နှင့်လူ ဆက်ဆံရေးနည်းများ၊ ၂၀၀၁-ခုနှစ်၊ ပထမအကြိမ်၊ စာ-၇၅
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.