ရှင်တော်နတ်

ရှင်တော်နတ်သည် မြန်မာ့မိရိုးဖလာနတ်တစ်ပါး ဖြစ်သည်။[1]

ရှင်တော်နတ်

သမိုင်းကြောင်း

ရှင်တော်နတ်သည် အင်းဝဘုရင်မင်းကြီး ညောင်ရမ်းမင်း (ဘုရင့်နောင်၏ သားတော်)မှ ပေါက်ဖွားလာခဲ့သူ ဖြစ်သည်။ ငယ်စဉ်အခါတွင် မင်းဆရာဘုန်းတော်ကြီးကျောင်း၌ အပ်နှံကာ ပညာသင်ကြားစေခဲ့သည်။ ငှက်ပစ်တောင်ဆရာတော်က ဘုရားစာများ သင်ကြားပေးခဲ့သည်။


ကိုရင်ဘဝ၌ မြွေကိုက်၍ သေဆုံးသွားခဲ့သည်။[1]

နတ်ရုပ်ထုလုပ်ခြင်း

ကိုရင်ပုံစံဖြင့် ထုလုပ်ကြပြီး လက်တစ်ဖက်တွင် စိပ်ပုတီးပါ၍ ကျန်လက်တစ်ဖက်တွင် ယပ်တောင်ကို ကိုင်ဆောင်ထားသည်။

ကိုးကား


  1. ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ။ pp. ၁၀၃၊ ၁၀၆။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.