ထီးစောင့်နတ်များ

ထိုထီးတို့မှာ နန်းတွင်း၌ အမျိုးမျိုးဖြစ်၍ ထီးကို စောင့်သောနတ်များနှင့်ထီးလုပ်ပုံ လုပ်နည်း၊ မည်သို့သုံးစွဲသည်တို့ကို ရွှေဘိုနိဒါန်း၌ ဖော်ပြထားသည်မှာ *ကနကဒဏ်ထီးကို သမ္မာဒေဝနတ်သမီးစောင့်သည်။

  • သမုဒ္ဒရာဇ်ထီးကို သမုဒ္ဒရာဇ်နတ်သမီး စောင့်၏။
  • စန္ဒထီးကို စန္ဒနတ်သမီး စောင့်၏။
  • ပဒုမထီးကို ပဒုမာနတ်သမီးစောင့်၏။
  • သမုက္ခထီးကို သမုက္ခနတ်သမီးစောင့်၏။
  • ဝိသုကြုံထီးကို ဝိသုကမ္မနတ်သမီးစောင့်၏။
  • ကမ္ဗုထီးကို ကမ္ဗုနတ်သမီး စောင့်၏။
  • ဥရူထီးကို ဥရူနတ်သမီးစောင့်၏။
  • သမ္မုတိထီးကို သမ္မုတိနတ်သမီး စောင့်၏။

ထိုထီးများ၏အရပ်အဝအတွင်း ရွှေခြူးညောင်ရွက်၊ ကြယ်၊ ပုလဲဆိုင်း၊ သန္တာဆိုင်း၊ စိန်ဆိုင်း၊ မြဆိုင်း၊ ပတ္တမြားဆိုင်းမှစ၍ ရွှေချိန်ကျောက်ဝင် လုပ်ရိုးဆောင်ရိုးအထားအနေများမှာ စာစောင်များတွင် အင်းစောက်နှင့် ဇာလျားပြကာ ရှိပြီဖြစ်၍ အထူးမဆိုပြီ။ တေမိဇာတ်တော်ကို ထောက်သဖြင့် ထီးကို နတ်သမီးစောင့်ကြောင်းကို သိရသည်။ [1]

ကိုးကား

  1. ဟံသာဝတီ-ဦးဘရင် ရေး၊ ၁၉၇၂-ခုနှစ်၊ ဇွန်လထုတ်၊ သွေးသောက်မဂ္ဂဇင်း၊ အမှတ်(၃၁၈)၊ စာမျက်နှာ(၈၁ မှ ၈၃ ထိ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.