ယမားမြင်းဖြူရှင်

ယမားမြင်းဖြူရှင်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။ ဤယမားမြင်းဖြူရှင်ကို "အညာနတ်" ဟုလည်း ခေါ်ဆိုကြသေးသည်။[1]

သမိုင်း

ပုဂံနယ်တွင် ချောင်းကိုးဆယ့်ကိုးခုမှ စုပေါင်းကာစီးဆင်းသည့် ရေစီးသန်သည့် ဆင်တဲဝ (ခေါ်) ယမားချောင်း တည်ရှိ၏။ ထိုယမားချောင်းသည် မိုးညို့လာပါကပုပ္ပါးတောင်ခြေ၌ မြင်းနှင့်ပင် မည်သူမျှ မဖြတ်ကူးဝံ့လောက်အောင် ရေစီးသန်လှသည်။ ဖြတ်ကူးသူများသည် ရေစီးတွင် လွင့်မျောကာ ပျက်စီးကြရသည်။

ပုဂံနယ် ၉၉ ရွာတွင် မြင်းနှင်ပတ်သက်၍ အသိဆုံးအတတ်ဆုံးဖြစ်ပြီး မြင်းစီးရာတွင်လည်း ပြိုင်ဘက်မပေါ်အောင် ကျွမ်းကျင်သည့် "မြင်းသည်ကျော် မြင်းသည်လှ" ဟု ဘွဲ့ရသည့် မြင်းကုန်သည်မှူး "ဖိုးကျော်လှ" ဆိုသူ ရှိ၏။ ထိုသူသည် တစ်နေသော်အခါ လူအချို့နှင့် အလောင်းအစားပြုလုပ်ကာ မိုးညို့နေစဉ် ယမားချောင်းကို မြင်းဖြူစီး၍ ဖြတ်သန်းလေသည်။ ထိုသို့ဖြတ်သန်းသည့်အခါ "၉၉ ချောင်းပေါင်း၍ စီးကျ ဆင်တဲဝ၊ ၉၉ ရွာရှာမရ မြင်းသည်ကျော် မြင်းသည်လှဟေ" ဟု ကြိမ်းပ၍ မြင်းကို ကြိမ်သွင်း၍ ဖြတ်ကူး၏။ ထိုအခါ မြင်းသည် ခွာလေးဖက်တွင် သုံးဖက်လွတ်ပြီး တစ်ဖက်သည် စီးကျလာသော ရေမလွတ်သဖြင့် မြင်းရေလူပါ ရေစီးတွင် လိမ့်ကျပျက်စီးရလေသည်။

ယမားမြင်းဖြူရှင်သည် မည်သည့်မင်းလက်ထက်တွင်ပေါ်ပေါက်ခဲ့သည်နှင့် သက္ကရာဇ်ကို စုံစမ်း၍ မရပေ။[1]

ကိုးကား

  1. ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ။ pp. ၁၃၄၊ ၁၃၅။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.