ရွှေနော်ရထာ

ရွှေနော်ရထာနတ်သည် မြင်စိုင်းမင်း သီဟသူ၏ သားဖြစ်ပြီး ဒုတိယမင်းခေါင်၏ မြေးဖြစ်သူ ရွှေနော်ရထာမှ ဖြစ်လာသည့် နတ်တစ်ပါး ဖြစ်သည်။ [1]

ရွှေနော်ရထာနတ်

သမိုင်း

ရွှေနော်ရထာ၏ ဦးလေးဖြစ်သူ မင်းပြုနေချိန်တွင် ဖြစ်၏။ ထိုအခါ ရွှေနော်ရထာ၏ ငယ်ကျွန်တော် ငသောက်ကြာသည် မင်းကြီးကို ပုန်ကန်၍ ဓားဖြင့် ခုတ်ရာ မင်းကြီးကို ထိမိခြင်း မရှိခဲ့ပေ။ ထို့နောက်တွင် မင်းကြီးသည် ငသောက်ကြာကို သတ်ပစ်ခဲ့သည်။

ထို့အပြင် မင်းကြီးသည် ရွှေနော်ရထာကိုလည်း အမျက်ရှိသဖြင့် ဧရာဝတီမြစ်တွင် နှစ်၍ သတ်ပစ်ခဲ့ရာ နတ်စိမ်းဖြစ်သွားခဲ့သည်။[1]

ရုပ်တု

ရွှေနော်ရထာနတ်ရုပ်တု ပြုလုပ်ရာတွင် နန်းတွင်းအဝတ်အစားဖြင့် တူတစ်ချောင်း၊ ဘောလုံးတစ်လုံး ပါရှိသည်။ ပိုလိုကစားမှုကို သရုပ်ဖော်ထားသည်။[1]

ကိုးကား

  1. ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.