ပခန်းဦးမင်းကျော်

ကိုကြီးကျော်၏ ဘဝဇာတ်ကြောင်းက တော်တော့ကို ေ၀ဝါးထွေပြားပါသည်။ ဘဝဇာတ်ကြောင်းတစ်ခုက ကိုကြီးကျော်ကို ပုဂံဘုရင်သိန်းခွန်မင်း၏ သားအဖြစ် ဖော်ပြပါသည်။ သိန်းခွန်မင်းဟူသည်မှာ အနော်ရထာမတိုင်မီ ၁၅ ဆက်က မင်းဖြစ်သည့်အတွက် သမိုင်းဆရာအစစ်တွေကတော့ လက်ခံမည်မထင်မိ။ ထို သိန်းခွန်မင်းက တောင်နန်းစံ၏သား ရွှေလောင်းမင်းသားကို အိမ်ရှေ့မင်းအဖြစ် ခန့်အပ်လို၍ မြောက်နန်းစံကမွေးသည့် သားတော်စည်သူနှင့် ကျော်စွာတို့ တောင်ညိုလယ်မအရပ်သို့ အပို့ခံခဲ့ရကြောင်း၊ ယင်းမှတစ်ဆင့် ပခန်းသို့ ရောက်ရာက စိုက်ပျိုးရေးအတွက် ချင်းတွင်းမြစ်ကို ကျော်စွာအား တူးစေရာ ကြက်၊ အရက်၊ မိန်းမကိစ္စများနှင့် အချိန်ကုန်ကာ တာဝန်ပေါ့လျော့သဖြင့် နောင်တော်စည်သူကသတ်၍ သေခဲ့ရပြီး မင်းကျော်စွာနတ်ခေါ် ဦးမင်းကျော် ဖြစ်ခဲ့ရကြောင်း ဆိုပါသည်။

နောက်ဘဝဇာတ်ကြောင်းတစ်ခုအရမူ ဦးမင်းကျော်သည် အလောင်းစည်သူမင်းကြီး၏ အမတ်တစ်ဦးဟု ဆိုပါသည်။ သူသည် ပုပ္ပါးသူ အရက်သည် မဘို့မယ်နှင့် အကြောင်းပါကာ ကြက်ပွဲ၊ အရက်ပွဲများနှင့် ပျော်ပါးနေရာက သေသော် နတ်ဖြစ်သွားသည်ဟု ဆိုပြန်ပါသည်။

ဘဝဇာတ်ကြောင်း နောက်တစ်ခုကမူ အင်းဝခေတ် အင်းဝဘုရင်မင်းခေါင်၏သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာသည် ဦးမင်းကျော်ဖြစ်ပြီး မွန်မြန်မာ အနှစ်လေးဆယ် စစ်ပွဲအတွင်း ဒလ၌ကျဆုံးရာက နတ်ဖြစ်သွားသည်ဟုလည်း ဆိုပြန်ပါသည်။

ဘာပဲဖြစ်ဖြစ် မင်းကျော်စွာ၊ ဦးမင်းကျော်၊ ကိုကြီးကျော် စသည် စသည်ဖြင့် လူသိများသော သည်နတ်က အရက်၏ အမှတ်တံဆိပ်၊ ကြက်၏ပုံရိပ်လွှာ၊ မြင်းစီးသူရဲ၏ သငေ်္ကတဖြစ်နေသည်ကတော့ အမှန်ပဲဖြစ်ပါလေသည်။


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.