ရွှေပြည့် မြင်းဖြူရှင်
ပုဂံခေတ် မင်းယဉ်နရသိင်္ခ (၅၃၃-၅၃၆) လက်ထက်တွင် မြင်စိုင်းဝက်ဝံအရပ်မှ ပြော့လူမျိုးများသည် တောတွင်းသို့ ထင်းခုတ်သွားရာမှ ဝါးလုံးကြီးတစ်ခုအတွင်းမှ ရုပ်ဆင်းအင်္ဂါလက္ခဏာနှင့် ပြည့်စုံသော သန္ဓေသူ မိန်းကလေးတစ်ယောက်ကို တွေ့ရ၏။ ပြော့လူမျိုးများသည် ယင်းမိန်းကလေးကို ပုဂံမင်း မင်းယဉ်နရသိင်္ခ အား ဆက်သကြရာ မင်းကြီးက နားပျက်ကျယ်သည်ဟု ဆိုကာ သူ၏ညီတော် အိမ်ရှေ့မင်းနရပတိစည်သူအား ပေးစေသည်။
မယ်တော်မိဖုရားကြီးကလည်း ယင်းမိန်းကလေးကို ဝေဠုဝတီဟု အမည်ပေးကာ ကြည့်ကောင်းအောင် ပြုပြင်ပြင်ဆင်ပေးခဲ့၏။ တစ်နေ့တွင် မယ်တော်မိဖုရားကြီး ချွေးမတော် ဝေဠုဝတီကို ခေါ်၍ နန်းတော်တွင်းသို့ ဝင်သွားသောအခါ မင်းယဉ်နရသိင်္ခသည် ယခင်ခေါ်လာစဉ်ကနှင့် မတူ တစ်မူထူးခြားလှပနေသော ခယ်မတော် ဝေဠုဝတီအပေါ် တပ်မက်စိတ်ဖြစ်ပေါ်လာလေသည်။ ထို့ကြောင့် ညီတော် နရပတေ့စည်သူအား ငဆောင်ချမ်းအရပ်၌ သူပုန်များ ထကြွသောင်းကျန်းနေ၍၊ ညီတော်ထွက်ပြီး နှိမ်နင်းရမည်။ဟု ဥပါယ်တံမျဉ်ဖြင့် စစ်ချီစေလေသည်။
သို့သော် ညီတော် နရပတိစည်သူက နောင်တော်၏ မရိုးသားမှုကို သံသယရှိတော်မူသဖြင့် ကျွန်ယုံ မြင်းခံငပြည့်အား သူ၏ မြင်းသူတော်ကို အပ်ခဲ့ပြီး ငါ၏ အိမ်တော်မှာ အမှုအခင်းကိစ္စထူး တစ်စုံတစ်ရာ ရှိလာပါက အလျင်အမြန် လိုက်ခဲ့ရမည်ဟု အမှာစကားထားပြီး စစ်ထွက်ခဲ့လေသည်။
သစ်ဆိမ့်သို့ရောက်သောအခါ ငဆောင်ချမ်းတွင် သူပုန်ထကြွခြင်း မရှိသဖြင့် နောင်တော် မင်းယဉ်နရသင်္ခ၏ မကောင်းကြံမှန်း သိရှိရကာ စစ်သည်ရဲမက်များအား သစ္စာပေးပြီး သွေးစည်းခဲ့သည်။ [1]
ကိုးကား
- အောင်ခင်စိုး ရေး နတ်နှင့်လူ ဆက်ဆံရေးနည်းများ၊ ၂၀၀၁-ခုနှစ်၊ ပထမအကြိမ်၊ စာ-၇၆