ပုပ္ပားမယ်တော်
ပုပ္ပားမယ်တော်သည် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး၏ လူစွမ်းကောင်းဗျတ္တ၏ ဇနီး၊ ပန်းစားဘီလူးမ မယ်ဝဏ္ဏ ဖြစ်သည်။ ဗျတ္တ ရာဇဝတ်သင့်၍ အသတ်ခံရပြီးနောက် သူမ၏ သားများဖြစ်ကြသောရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို အနော်ရထာမင်းကြီး အမိန့်တော်ဖြင့် ခေါ်ဆောင်သွားရာတွင် ရင်ကွဲနာကျကာ သေဆုံးပြီး နတ်ဖြစ်သည်။ တောင်ပြုန်း၌ ထင်ရှားသော နတ်ဖြစ်သည်။ [1]
ကိုးကား
- အောင်ခင်စိုး ရေး နတ်နှင့်လူ ဆက်ဆံရေးနည်းများ၊ ၂၀၀၁-ခုနှစ်၊ ပထမအကြိမ်၊ စာ-၇၄
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.