တောင်ပြုံးမင်းလေး
ရွှေဖျဉ်းကြီးနှင့် ရွှေဖျဉ်းငယ်နတ်တို့သည် ပုဂံအနော်ရထာမင်းလက်ထက်(၄ဝ၆-၄၃၉) သထုံမြို့မှ ကုလားဗျတ္တနှင့်ပုပ္ပါးပန်းစားဘီလူးမတို့၏သားများဖြစ်သည်။ တောင်ပြုံးအရပ်တွင် အနော်ရထာမင်းဘုရားတည်ရာ၌ အုတ်နှစ်ချပ်လစ်လပ်သည်ဆို၍ ဘုရင်ကကွပ်မျက်ရာမှနတ်ဖြစ်သည်ဟုဆိုသည်။ ရွှေဖျဉ်းကြီးနတ်ရုပ်မှာ အောက်ခုံဇွန်းရိုးပလ္လင်ပြန့်ပေါ်တွင် လက်ျာဒူးထောင်၍ လက်ဝဲဒူးလှဲပြီးလျှင် ယာလက်ကဓားထမ်းကာ ဝဲလက်က ပေါင်ကိုထောက်ကာထောက်ထားသည်။ ဗောင်းနားတောင်း လက်ကောက်တန်ဆာနှင့်ရှိသည်။ ရွှေဖျဉ်းငယ်အတွက်လည်း ပုံအနည်းငယ် ငယ်သည်မှတစ်ပါး ရွှေဖျဉ်းကြီး အတိုင်းထုလုပ်ရသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.