ထီးဖြူဆောင်း မယ်တော်နတ်
ထီးဖြူဆောင်းမယ်တော်နတ်သည် အပြင် ၃၇ မင်းတွင် ပါဝင်သော နတ်တစ်ပါးဖြစ်သည်။ အနော်ရထာမင်း၏ အဖွားဖြစ်ပြီး အဖျားရောဂါဖြင့် သေဆုံးခဲ့သည်။ [1][2] ထီးဖြူဆောင်းမယ်တော် နတ်ကို နောက်တွဲထုံးထားသော ဆံထုံး၊ တင်ပျဉ်ခွေချိတ်ထိုင်နေ၍ ရင်ဘတ်ပေါ်တွင် လက်တင်ထားသောပုံဖြင့် ပုံဖော်လေ့ ရှိကြသည်။[2] နတ်ရုပ်မှာကြာခံ ခုံပေါ်တွင် ကျုံ့ကျုံ့ထိုင်၍၊ ယာလက်ကဝမ်းကိုပိုက်၍၊ ဝဲလက်က ပေါင်ပေါ်ထောက်ထားဟန် ဆံထုံး၊ ဆံမြိတ်၊ ဆံထိုးနှင့်ရှိသည်။[3]
ကိုးကား
- DeCaroli၊ Robert (2004)။ Haunting the Buddha: Indian Popular Religions and the Formation of Buddhism။ Oxford University Press, US။ ISBN 9780195168389။
|access-date=
က|url=
ကို လိုအပ်သည် (အကူအညီ) - Hla Thamein။ Thirty-Seven Nats။ Yangonow။ 2006-07-03 တွင် ပြန်စစ်ပြီး။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.