ကုလသုတ်
ကုလသုတ်သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သီလရှိသော ရဟန်းတို့ ချဉ်းကပ်သော အိမ်သည် ငါးမျိုးသော အကြောင်းတို့ဖြင့် ကောင်းမှုများစွာ ပွားစေနိုင်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
ကုလသုတ်
ရဟန်းတို့ သီလရှိသော ရဟန်းတို့ ချဉ်းကပ်အပ်သော အိမ်၌ လူတို့သည် ငါးမျိုးသော အကြောင်းတို့ဖြင့် များစွာသော ကောင်းမှုကို ပွားစေကုန်၏။[1]
အဘယ်ငါးမျိုးတို့နည်းဟူမူ -[1]
ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည်မြင်၍ စိတ်ကြည်လင်သောအခါ ထိုအိမ်သည် နတ်ပြည်၌ ဖြစ်စေတတ်သောအကျင့်ကို ကျင့်သည်မည်၏။[1]
ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ခရီးဦးကြိုဆိုကြ ရှိခိုးကြ နေရာထိုင်ခင်း ပေးကြသောအခါ ထိုအိမ်သည် မြင့်မြတ်သောအမျိုး၌ ဖြစ်စေတတ်သောအကျင့်ကို ကျင့်သည်မည်၏။[1]
ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ဝန်တိုမှု အညစ်အကြေးကို ပယ်ဖျောက်သောအခါ ထိုအိမ်သည် တန်ခိုးကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်၏။[1]
ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် အစွမ်းရှိသလောက် ဝေဖန်လှူဒါန်းသောအခါ ထိုအိမ်သည် ဥစ္စာပေါများခြင်းကို ဖြစ်စေတတ်သောအကျင့်ကို ကျင့်သည်မည်၏။[1]
ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ပုစ္ဆာ မေးကြ၊ ပြဿနာ မေးကြ၊ တရားနာကြသောအခါ ထိုအိမ်သည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်၏။[1]
ရဟန်းတို့ သီလရှိသော ရဟန်းတို့ ချဉ်းကပ်အပ်သော အိမ်၌ လူတို့သည် ငါးမျိုးသော အကြောင်းတို့ဖြင့် များစွာသော ကောင်းမှုကို ပွားစေကုန်၏ဟု (မိန့်တော်မူ၏)။[1]
ကိုးကား
- ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၄) စတုတ္ထပဏ္ဏာသက (၂၀) ၅- ဗြဟ္မဏဝဂ် ၉-ကုလသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၆၈။