ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်္ဂလိပ်: Chin National League for Democracy Party; အတိုကောက် CNLD) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
---|---|
အင်္ဂလိပ် အမည် | Chin National League for Democracy |
အလှည့်ကျ ဥက္ကဋ္ဌ | ပူးဇိုဇမ် |
တည်ထောင်ခြင်း | ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ |
ဌာနချုပ် | ၁၀၉၇၊ ပြည်ထောင်စုလမ်းမ၊ ၄၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန် |
နိုင်ငံရေး သဘောတရား | ချင်းလူမျိုး အခွင့်အရေး |
ပါတီအလံ | |
![]() | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
သမိုင်းကြောင်း
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချင်းပြည်နယ်တွင် နှစ်နေရာအနိုင်ရရှိခဲ့သည်။ သို့သော် တပ်မတော်အစိုးရမှ အာဏာမလွှဲပဲ အမျိုးသားညီလာခံကျင်းပရန် စီစဉ်မှုအပေါ် ကန့်ကွက်ခဲ့သည့် ပါတီများအား ဖျက်သိမ်းရာတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖျက်သိမ်းခံခဲ့ရသည်။[1]
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီ (CPP)နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့သည်။[1][2][3]
ကိုးကား
- Salai Gei (၈ ဧပြီ ၂၀၁၈)။ ချင်းပါတီ (၃) ခုပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)အမည်ဖြင့် ပါတီမှတ်ပုံတင်မည်။ ချင်းဝေါလ်။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- လဲ့လဲ့ (၁၈ အောက်တိုဘာ ၂၀၁၈)။ ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်။ ဧရာဝတီသတင်းဌာန။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ချင်းပါတီ ၃ ခု ပေါင်းစည်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တည်ထောင်။ လွတ်လပ်တဲ့ အာရှအသံ (၂၉ စက်တင်ဘာ ၂၀၁၈)။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.