ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း
မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသားတော်မူသော ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူရာတွင် ရွတ်ဆိုရမည့် စာသားနှင့် ဆုတောင်းများ ဖြစ်သည်။ ဘုရားရှိခိုးပါ။
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
ဆွမ်းတော်ကပ်ရန်
- ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
- ရှင်တော်မြတ်ဘုရားအား ခဲဘွယ်ချိုချဉ် ဆွမ်းဘောဇဉ်ကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
ဆုတောင်း
ရသာမွှေးကြူ ဆွမ်းဖွေးဖြူကို၊ ပေးလှူပါရ ဤပုညကြောင့်၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ မြနှယ်ရွှေနှင့် အနေတင့်၊ အဆင့်ဆင့်မြင့်ရလို။
ရေချမ်းကပ်လှူရန်
- ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
- ရှင်တော်မြတ်ဘုရားအား စမ်းသီတဂူ ရေဖြူဖြူကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
ဆုတောင်း
ကြည်လင်အေးမြ ရေလှူရ၍၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ ကိုယ်ဝယ်တွင်းပြင် ညစ်ကြေးစင်၊ ကြည်လင်အေးမြလို။
ပန်းကပ်ရန်
- ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
- ရှင်တော်မြတ်ဘုရားအား၊ ရနံ့မွေးကြူ ပန်းဆူဆူကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
ဆုတောင်း
အနံ့လည်းသင်း အဆင်းလည်းလှ၊ ပန်းလှူရ၍ ဘဝတိုင်းဝယ်၊ ပညာကြွယ်လျှက် သွယ်သွယ်ဂုဏ်နှင့်၊ အစုံဆင့် ထုံသင်းကြိုင်ရလို။
ဆီမီးကပ်ရန်
- ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
- ရှင်တော်မြတ်ဘုရားအား၊ ရောင်ဝါထိန်ညီး မြတ်ဆီမီးကို၊ ပိုပြီးသဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
ဆုတောင်း
ထွန်းလင်းတောက်ပ မီးလှူရ၍၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ လနှယ်နေနှင့် အသေရေတင့်၊ ဆင့်ဆင့်ထွန်းတောက်လို။
ဆက်စပ်ဖတ်ရှုရန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.