ဓမ္မဒေသနာသိက္ခာပုဒ်
ဓမ္မဒေသနာသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ [1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူချိန် ဖြစ်၏။ အသျှင်ဥဒါယီသည် အိမ်တစ်အိမ်သို့ ချဉ်းကပ်ကာ အိမ်တံခါးဝတွင် နေသော အိမ်ရှင်မအား နားရင်သို့ကပ်ကာ တရားဟော၏။ ထိုအခါ အခန်းတံခါးဝတွင် ရှိသော ချွေးမသည် မြင်၏။ ထိုအခါ ချွေးမသည် “ထိုရဟန်းသည် ငါ့ယောက္ခမ၏ လင်ငယ်လော၊ သို့မဟုတ် ပြက်ရယ်ပြောဆိုနေသလော” ဟု တွေး၏။ ထို့နောက် အသျှင်ဥဒါယီသည် ချွေးမထံသို့ ချဉ်းကပ်ပြီးလျှင် ယခင်ကဲ့သို့ပင် နားသို့ကပ်ကာ တရားဟော၏။ ထိုအခါ ယောက္ခဖြစ်သူသည်လည်း ချွေးမကဲ့သို့ပင် တွေး၏။ ထို့နောက် အသျှင်ဥဒါယီသည် ပြန်သွား၏။
ထိုအခါမှ ယောက္ခမနှင့် ချွေးမဖြစ်သူတို့သည် ထိုရဟန်းသည် အဘယ်စကားကို ပြောပါသနည်းဟု အပြန်အလှန် မေး၏။ တရားဟောကြောင်း ပြောပြကြ၏။
ထိုအခါ မိန်းမတို့သည် အသျှင်ဥဒါယီအား “အဘယ်ကြောင့် နားရင်းသို့ကပ်၍ တရားဟောဘိသနည်း၊ လွတ်လွတ်လပ်လပ် ပွင့်လင်းစွား ဟောသင့်သည် မဟုတ်လော” ဟု ကဲ့ရဲ့ကြ၏။ ထို့သို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ အလိုနည်းသော ရဟန်းတို့သည် အသျှင်ဥဒါယီကို ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားထံသို့ လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား “ဟုတ်မှန်ပါသလား” ဟု မေး၏။ အသျှင်ဥဒါယီသည် “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
အကြင်ရဟန်းသည် မာတုဂါမအား တရားကို ဟောငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။
ဟု မိန့်တော်မူ၏။
အမျိုးသမီးတို့သည် ရဟန်းတို့အား တရားဟောရန် တောင်းပန်၏။ ထိုသို့ သိက္ခာပုဒ်ကို ပညတ်လိုက်သည့်အတွက် ရဟန်းတို့သည်လည်း “အမျိုးသမီးတို့အား တရားဟောရန် မအပ်”ဟု ပြော၏။ ထိုအခါ အမျိုးသမီးတို့သည်လည်း “စကားခြောက်ခွန်းဖြင့် ဟောကြားပေးပါ” ဟု တောင်းပန်ပြန်၏။ သို့တိုင်အောင် ရဟန်းတို့သည်လည်း “အမျိုးသမီးတို့ကို တရားဟောရန် မအပ်ပေ” ဟု ပြန်ပြော၏။
ထိုအခါ ဥပါသိကာမတို့သည် ရဟန်းတို့အား “ငါတို့က တောင်းပန်တိုက်တွန်းသော်လည်း ရဟန်းတို့သည် အဘယ်ကြောင့် တရားမဟောဘိသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် မာတုဂါမတို့ကို ငါးခွန်း ခြောက်ခွန်းသော စကားဖြင့် တရားဟောရန် ခွင့်ပြုကာ သိက္ခာပုဒ်ကို ပညတ်တော်မူ၏။
အကြင်ရဟန်းသည် မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားကို ဟောငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏
ဟု မိန့်တော်မူ၏။
ထိုသို့ ပညတ်တော်မူပြီးနောက် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မသိ မလိမ္မာသော အမျိုးသားကို အနီး၌ နေစေ၍ အမျိုးသမီးတို့အား ငါးခွန်းခြောက်ခွန်းထက် ပိုလွန်ကာ တရားဟော၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့တော်မူ၏။ ထို့နောက် မြတ်စွာဘုရားထံ လျှောက်ထားကြ၏။
မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “သင်တို့သည် မသိမလိမ္မာသော ယောက်ျားကို အနီး၌ နေစေကာ မာတုဂါမအား ငါးခွန်းခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောသည် ဆိုသည်မှာ မှန်ပါသလော” ဟု မေး၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတော်မူ၏။[1]
သိက္ခာပုဒ်
“အကြင်ရဟန်းသည် သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ မာတုဂါမအား ငါးခွန်းခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားကို ဟောငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်၊ မုသာဝါဒဝဂ်။