ပထဝီခဏနသိက္ခာပုဒ်
ပထဝီခဏနသိက္ခာပုဒ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ [1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
မြတ်စွာဘုရားသည် အာဠဝီပြည်၊ အဂ္ဂဝါစေတီတွင် သီတင်းသုံး နေတော်မူ၏။ ထိုအခါ အာဠဝီပြည်သား ရဟန်းတို့သည် မြေကို မိမိကိုယ်တိုင်လည်း ဆွ၏၊ သူတစ်ပါးကိုလည်း ဆွစေကုန်၏။
ထိုအခါ လူတို့သည် ထိုရဟန်းတို့အား “အဘယ်ကြောင့် မြေကို ဆွကုန်ဘိသနည်း” ဟု ကဲ့ရဲ့ကြကုန်၏။ ထိုသို့ လူတို့က ကဲ့ရဲ့ကြသည်ကို ရဟန်းတို့သည် သိကုန်၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ထိုအာဠဝီပြည်သား ရဟန်းတို့ကို ကဲ့ရဲ့ကုန်၏။
ထို့နောက် မြတ်စွာဘုရားသည် ထိုရဟန်းတို့အား “မြေကြီးကို ကိုယ်တိုင် ဆွသည်၊ သူတစ်ပါးကို ဆွရန် စေခိုင်းသည် မှာ မှန်ပါသလော” ဟု မေး၏။ ထိုရဟန်းတို့လည်း “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် “အဘယ်ကြောင့် မြေကြီးကို ဆွကုန်ဘိသနည်း၊ လူတို့သည် မြေကြီး၌ အသက်ရှိသည်ဟု ထင်မှန်ကြသည် ဖြစ်၏” ဟု အစရှိသဖြင့် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ [1]
သိက္ခာပုဒ်
“အကြင်ရဟန်းသည် မြေကြီးကို တူးမူလည်း တူးငြားအံ့၊ တူးစေမူလည်း တူးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်၊ မုသာဝါဒဝဂ်။