ပေသုညသိက္ခာပုဒ်

ပေသုညသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ [1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန်ဖြစ်ငြင်းခုံ၍ ဝိဝါဒကွဲပြားနေသည့် ရဟန်းတို့ကြားတွင် ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုကြ၏။ ထိုသို့ ပြောဆိုသည့်အတွက် မဖြစ်သေးသော ခိုက်ရန်တို့သည် ဖြစ်ပွား၏။ ဖြစ်ပြီးသော ခိုက်ရန်တို့သည်လည်း တိုးပွားလာ၏။

ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “အဘယ်ကြောင့် ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုကြဘိသနည်း” ဟု ကဲ့ရဲ့၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “ဟုတ်မှန်ပါသလား” ဟု မေး၏။ “ဟုတ်မှန်ပါသည်” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ [1]

သိက္ခာပုဒ်

“ရဟန်းတို့အား ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]

ကိုးကား

  1. ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်၊ မုသာဝါဒဝဂ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.