ဖဿ

ဖဿ ဆိုသည်မှာ "ဖုသတီတိ ဖဿော" တွေ့ထိကြိတ်နယ်တတ်သောကြောင့် "ဖဿ" ဟု ခေါ်သည်။ အာယာတနခြောက်ပါးကြောင့် ဖဿ ဖြစ်ပေါ်သည်။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

ဖဿ

အဓိပ္ပါယ်

ဝိညာဏ်စိတ်သည် အာရုံစုကို သိ၏။ ထိုအာရုံစုကို သိခြင်းမျှနှင့် ရပ်တန့်မနေဘဲ အာရုံ၏ အရသာကို ပေါ်ထွက်စေရန် ကြိတ်နယ်သောအားဖြင့် တွေ့ထိတတ်သော သဘောကို "ဖဿ" ဟု ဆိုသည်။ ဥပမာအားဖြင့် ဆိုရပါက ကြံကြိတ်စက်ဖြင့် ကြံရည်ကို ထွက်အောင် ကြိတ်နယ်သကဲ့သို့ အာရုံ၏ အရသာ ပေါ်ထွက်အောင် ကြိတ်နယ်သောအားဖြင့် တွေ့ထိမှု ဖြစ်သည်။[1]

လောက၌ တစ်စုံတစ်ရာသော အရာဝတ္ထုနှစ်ခုတို့ ပေါင်း၍ထားမှုကို ထိသည် တွေ့သည် ဟု ဆိုကြသည်။ အဘိဓမ္မာသဘောအရာ၌ ထိုကဲ့သို့ ထိရုံမျှကို ဖဿ ဖုသန မခေါ်သေးဘဲ အာရုံ၏ အရသာပေါ်ထွက်အောင် ကြိတ်နှိပ်မှုကိုသာ "ဖဿ" ဟု ဆိုသည်။ ဤကဲ့သို့ ကြိတ်နှိပ်အပ်သည်ရှိသော် ကြိတ်နှိပ်အပ်သောဝတ္ထုတို့၏ ပေါင်းဆုံခြင်းစုဝေးခြင်းသည် ဖြစ်၏။ ထိုသို့‌ ပေါင်းဆုံစုဝေးခြင်း ဖြစ်သည်ရှိသော် ကိစ္စအမျိုးမျိုးတို့သည် ဖြစ်ပေါ်လာကုန်၏။ ဤအရာ၌ ကိစ္စအမျိုးမျိုးဆိုသည်မှာ အာရုံခြောက်ပါးတို့၌ ဝေဒနာ သညာစသော စေတသိက်တို့၏ ကိစ္စအမျိုးမျိုးတို့ ဖြစ်သည်။ ဖဿဓာတ်က ဝတ္ထုအာရုံစိတ်သုံးပါးတို့ကို ကြိတ်နယ်သောအားဖြင့် တွေ့ထိစုဝေးစေသည်ရှိသော် ဝေဒနာ သညာစသော စေတသိက်တို့သည် ခံစားခြင်း မှတ်ခြင်း စသော မိမိတို့၏ ကိစ္စအသီးသီးတို့ကို ရွက်ဆောင်ကြသည်။[1]

ဖဿ (၆) ပါး

ဖဿသည် စေတသိက် ခန္ဓာတရားသုံးပါးဖြစ်သည့် ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ တို့၏ အကြောင်းပစ္စည်း ဖြစ်သည်။ အာဟာရလေးပါးတို့တွင် ဖဿသည် အာဟာရတစ်ပါး ဖြစ်သည်။ ဖဿအာဟာရသည် စေတသိက်ခန္ဓာသုံးပါးတို့ ဖြစ်ပေါ်အောင် ဆောင်ရွက်သည်။[1]

ဖဿသည် ခြောက်ပါး ရှိသည်။ ၎င်းခြောက်ပါးတို့မှာ -[1]

  1. စက္ခုသမ္ဖဿ - စက္ခုဒွါရ၌ ဖြစ်သောဖဿ
  2. သောတသမ္ဖဿ - သောတဒွါရ၌ ဖြစ်သောဖဿ
  3. ဃာနသမ္ဖဿ - ဃာနဒွါရ၌ ဖြစ်သောဖဿ
  4. ဇိဝှါသမ္ဖဿ - ဇိဝှါဒွါရ၌ ဖြစ်သောဖဿ
  5. ကာယသမ္ဖဿ - ကာယဒွါရ၌ ဖြစ်သောဖဿ
  6. မနောသမ္ဖဿ - မနောဒွါရ၌ ဖြစ်သောဖဿ[1]

ကိုးကား

  1. လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.