မုသာဝါဒသိက္ခာပုဒ်
မုသာဝါဒသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ [1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် အသျှင်ဟတ္ထိကရဟန်းသည် တိတ္ထိတို့နှင့် အတူစကားပြောဆိုသည့်အခါ ပယ်ပြီးမှ ဝန်ခံ၏၊ ဝန်ခံပြီးမှ ပယ်၏၊ အကြောင်းတစ်ခုဖြင့် အကြောင်းတစ်ခုကို ဖုံးလွှမ်းပြောဆို၏၊ သိလျက် မဟုတ်မမှန် ပြောဆို၏၊ ချိန်းဆိုပြီးမှ ပျက်ကွက်၏။ ထိုအခါ တိတ္ထိတို့သည် အသျှင်ဟတ္ထကကို ကဲ့ရဲ့၏။
ထိုသို့ တိတ္ထိတို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် အသျှင်ဟတ္ထကကို ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားလည်း အသျှင်ဟတ္ထကကို “သင်သည် တိတ္ထိတို့နှင့် စကားပြောဆိုသည့်အခါ ပယ်ပြီးမှ ဝန်ခံ၏၊ ဝန်ခံပြီးမှ ပယ်၏၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်း၏၊ သိလျက် မဟုတ်မမှန်ပြောဆို၏၊ ချိန်းဆိုပြီးမှ ပျက်ကွက်၏ ဆိုသည်မှာ မှန်ပါသလော” ဟု မေးမြန်း၏။ အသျှင်ဟတ္ထကလည်း “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]
သိက္ခာပုဒ်
“သိလျက် မဟုတ်မမှန်ကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်၊ မုသာဝါဒဝဂ်။