ဝိပဿနာဉာဏ်
ဝိပဿနာဉာဏ် ဆိုသည်မှာ ဝိပဿနာတရားအားထုတ်ရာတွင် ဖြစ်ပေါ်လာသည့် ဉာဏ် ဖြစ်သည်။ ဝိပဿနာဉာဏ်သည် ၁၀ ပါးရှိသည်။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
ဝိပဿနာဉာဏ် ၁၀ ပါး
ဝိပဿနာဉာဏ် ၁၀ ပါးတို့မှာ အောက်ပါတို့ ဖြစ်ကြသည်။
၁။ သမ္မသနဉာဏ်
၂။ ဥဒယဗ္ဗယဉာဏ်
၃။ ဘင်္ဂဉာဏ်
၄။ ဘယဉာဏ်
၅။ အာဒိနဝဉာဏ်
၆။ နိဗ္ဗဒါဉာဏ်
၇။ မုစ္စိတုကမျတာဉာဏ်
၈။ ပဋိသင်္ခါဉာဏ်
၉။ သင်္ခါရုပေက္ခာဉာဏ်
၁၀။ အနုလောမဉာဏ်[1]
၁။ သမ္မသနဉာဏ်
ခပ်သိမ်းသောရုပ်နာမ်တရားတို့ကို ခန္ဓာငါးပါးစသည် စုပုံဖွဲ့စည်းကာ လက္ခဏာရေးသုံးပါးတင်၍ အဖန်ဖန် အထပ်ထပ် သုံးသပ်သောဉာဏ်သည် သမ္မသနဉာဏ် မည်၏။[1]
၂။ ဥဒယဗ္ဗယဉာဏ်
ဦးခေါင်း, ခြေ, လက်, မျက်နှာသဏ္ဌာန် စသည်တို့၏ ခဏချင်းဖြစ်ပေါ်မှု, ခဏချင်းပျက်ကွက်မှု, ထင်လင်းအောင် အစုအခဲအားဖြင့် ဖြစ်မှု, ပျက်မှုကို အစုံစုံရှုသောဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်၏။[1]
၃။ ဘင်္ဂဉာဏ်
အဖြစ်အပျက် ၂-ပါးတွင် အဖြစ်ကား မြင်လွယ်၏၊ အပျက်ကား မြင်ခဲ၏၊ လိုရင်းလည်း ဖြစ်၏။ ထို့ကြောင့် အဖြစ်ကို လွှတ်၍ အပျက်သက်သက်ကို ရှုသောဉာဏ်သည် ဘင်္ဂဉာဏ် မည်၏။[1]
၄။ ဘယဉာဏ်
ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ပျက်ပုံ, အနိစ္စသဘောကို ထင်မြင်သောအခါ ပျက်ခြင်းနှင့်တကွဖြစ်သော ရုပ်နာမ်တရားတို့၏ အပေါ်၌ သေမင်းကြီးတမျှ ကြောက်လန့်လှသော ဉာဏ်သည် ဘယဉာဏ် မည်၏။[1]
၅။ အာဒိနဝဉာဏ်
ကြောက်ဖွယ်လန့်ဖွယ်ဟူ၍ ထင်မြင်လာသည်ရှိသော် ဘေးဘယမျိုးဖြစ်သော ရုပ်ဆိုးနာမ်ဆိုး၌ အားကိုးရာမရှိ၊ အပြစ်အတိပါတကားဟု ရှုဆင်ခြင်သော ဉာဏ်သည် အဒိနဝဉာဏ် မည်၏။[1]
၆။ နိဗ္ဗဒါဉာဏ်
အားကိုးရာမရှိ၊ အပြစ်အတိသာဟု ထင်မြင်သောအခါ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မပျော်မွေ့ငြီးငွေ့လှသော အနေဖြင့် ရှုဆင်ခြင်သော ဉာဏ်သည် နိဗ္ဗိဒါဉာဏ် မည်၏။[1]
၇။ မုစ္စိတုကမျတာဉာဏ်
မပျော်မမွေ့ငြီးငွေ့လှသောအခါ၌ သင်္ခါရနယ်အတွင်းမှ အတင်းထွက်မြောက်လိုသောဉာဏ်သည် မုစ္စိတုကမျတာဉာဏ် မည်၏။[1]
၈။ ပဋိသင်္ခါဉာဏ်
အလွန်တရာ လွတ်လိုလှ၍ လွတ်ခွင့်ရတဲ့ခြင်းငှါ ဘာဝနာ ၄၀ တို့ဖြင့် အကျယ်တဝင့် အပြင်းဆင်ခြင်၍ အားထုတ်မှု ရှုသောဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏။[1]
၉။ သင်္ခါရုပေက္ခာဉာဏ်
ဘာဝနာ ၄၀-တို့ဖြင့် အကျယ်တဝင့် အပြင်းအထန် အားထုတ်သောအခါ ဝိပဿနာဉာဏ် ထက်သန်၍ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်၏။[1]
၁၀။ အနုလောမဉာဏ်
ဝိပဿနာဉာဏ် ရင့်သန်ထက်မြက်လေသဖြင့် မဂ် ၄-ခု ပေါ်အောင် နှိုးဆောင်ဘိသည့်ပမာ လွန်စွာ မဂ် ၄-ခုတို့နှင့်လျော်သော ဉာဏ်သည် အနုလောမဉာဏ် မည်၏။ (ဂဟေအစပ်ကောင်းလှသောဉာဏ် - ဟူလို) [1]
မှတ်သားရန်
ဝိပဿနာဉာဏ် ၁၀ ပါးတွင် သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်၊ ဤဉာဏ် သုံးပါးသည် တီရဏပရိညာ မည်၏။[1]
ကိုးကား
- လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော ကမ္မဋ္ဌာန်းကျမ်းကြီး။