သပ္ပုရိသသုတ်
သပ္ပုရိသသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အမျိုး၌ သူတော်ကောင်း ဖြစ်ထွန်းသည်ရှိသော် များစွာသော လူအပေါင်း၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ဖြစ်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သပ္ပုရိသသုတ်
ရဟန်းတို့ အမျိုး၌ သူတော်ကောင်း ဖြစ်ထွန်းသည်ရှိသော် များစွာသော လူအပေါင်း၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ အမိအဖတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ သားမယား၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ ကျွန်အမှုလုပ်တို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ အဆွေခင်ပွန်းတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ သမဏဗြာဟ္မဏတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ [1]
ရဟန်းတို့ ကြီးစွာသောမိုးသည် ခပ်သိမ်းသော ကောက်စပါးတို့ကို ကောင်းစွာပြည့်စုံစေသည်ဖြစ်၍ လူများစွာ၏ အကျိုးရှိရန် ချမ်းသာရန် ဖြစ်သကဲ့သို့ ရဟန်းတို့ ဤအတူပင် အမျိုး၌ သူတော်ကောင်း ဖြစ်ထွန်းသည်ရှိသော် များစွာသောလူအပေါင်း၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ အမိအဖတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ သားမယား၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ ကျွန်အမှုလုပ်၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ အဆွေခင်ပွန်းတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ သမဏ ဗြာဟ္မဏတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏ ဟု (မိန့်တော်မူ၏)။[1]
အကျိုးစီးပွားကို ရွက်ဆောင်သူသည် လူများစွာတို့၏ စည်းစိမ်ကို ဖြစ်စေ၏၊ တရားစောင့်၍ အကြားအမြင် များသော အကျင့်သီလနှင့် ပြည့်စုံသော သူတော်ကောင်းကို နတ်အပေါင်းသည် စောင့်ရှောက်၏၊ တရား၌ တည်သူကို ကျော်စောထင်ရှားခြင်းသည် မစွန့်လွှတ်နိုင်။ တရား၌တည်သော သီလနှင့်ပြည့်စုံသော မှန်သောစကားကို ဆိုလေ့ရှိသော မကောင်းမှုမှ ရှက်သောစိတ်ရှိသော ထိုသူကို တနိက္ခရှိ ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့ အဘယ်သူသည် ကဲ့ရဲ့ခြင်းငှါ ထိုက်ပါအံ့နည်း၊ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာကလည်း ချီးမွမ်း၏။[1]
ကိုးကား
- အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၁-ပဌမပဏ္ဏာသက (ပဌမသုတ်ငါးဆယ်)၊ ၅-မုဏ္ဍရာဇဝဂ်၊ ၂- သပ္ပုရိသသုတ်။