သမ္မာသမာဓိ

သမ္မာသမာဓိ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သော တည်ကြည်ခြင်း” ဟု အဓိပ္ပါယ်ရသည်။ သမ္မာသမာဓိ(၄) ပါးရှိ၏။ [1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမ္မာသမာဓိ

လောက၌ စာပေသင်ကျမ်းဂန်သင်ကြားမှုတွင် သင်ပုန်းကြီးသည် အစအဦး ဖြစ်၏၊ သင်ပုန်းကြီး ကြေလည်မှ အထက်စာကို သင်ကြား၍ ဖြစ်သည်။ ထို့အတူ ဘာဝနာအလုပ်မှာလည်း သတိပဋ္ဌာန်သည် အစအဦး ဖြစ်သည်။ သတိပဋ္ဌာန်အလုပ် နေရာကျ၍ စိတ်ရူးစိတ်နောက်ပျောက်ငြိမ်းမှ အထက်အထက်သော ကမ္မဋ္ဌာန်းဘာဝနာအမှုများကို တည်ကြည်စွာ အားထုတ်နိုင်သည်။ [1]

ထို့ကြောင့် သတိပဋ္ဌာန်အလုပ် နေရာကျ၍ မိမိကိုယ်ခန္ဓာအစုတို့၌ တစ်နေ့လျှင် ၁နာရီ, ၂နာရီ, ၃ နာရီ စသည်ဖြင့် မိမိစိတ်ကို တည်ငြိမ်စွာထားနိုင်ကြသောအခါ၌ သင်ပုန်းကြီး ကြေလည်ပြီးသောအခါ မင်္ဂလသုတ်, နမက္ကာရ, ပရိတ်ကြီး, သဒ္ဒါ, သင်္ဂြိုဟ် စသည်များကို တက်၍ သင်ကြားရသကဲ့သို့ စိတ္တဝိသုဒ္ဓိဘာဝနာဟု ဆိုအပ်သော သမထဈာန်၄ပါးကိုကို အားထုတ်ရသည်။[1] ထိုလေးပါးတွင် -

၁။ ပထမဈာန်သမာဓိ ဆိုသည်မှာ ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ ကေသာ လောမ စသောဒွတ္တိံသာကာရတစ်ပါး၊ အာနာပါနတစ်ပါး၊ မေတ္တာ,ကရုဏာ, မုဒိတာဟူသော ဗြဟ္မဝိဟာရ ၃ပါး, ဤ ၂၅ပါးသော ကမ္မဋ္ဌာန်းတို့တွင် တစ်ခုခုသော ကမ္မဋ္ဌာန်း၌ ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာ ဘာဝနာတည်းဟူသော ဘာဝနာအစဉ်အားဖြင့် လွန်မင်းစွာ အားထုတ်၍ ရှေးဦးစွာ ရအပ်သော ပဌမဈာန်သမာဓိကို ဆိုသည်။ ယခုကာလ၌ စိတ်ရူးစိတ်နောက် ပျောက်ငြိမ်းရုံမျှ အားထုတ်သော အာနာပါနအလုပ်သည် ပဌမဈာန် သမာဓိအလုပ်၍ အတွင်းဝင်၏။[1]

ကိုးကား

  1. လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၆၉၊ ၇၀။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.