သဟသေယျသိက္ခာပုဒ်
သဟသေယျသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ [1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
မြတ်စွာဘုရားသည် အဠဝီပြည်၊ အဂ္ဂါဠဝစေတီတွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဥပါသကာတို့သည် တရားနာရန် ကျောင်းသို့ လာ၏။ တရားဟောပြီးသည့်အခါ မထေရ်ကြီးတို့သည် မိမိတို့ ကျောင်းနေရာသို့ ပြန်၏။ ရဟန်းငယ်တို့သည် တရားဟောရာ ဇရပ်တွင်ပင် ဥပါသကာတို့နှင့်အတူ အဆင်အခြင်မရှိ သတိကင်းလွတ်လျက် အိပ်၏။ ထိုအခါ ရဟန်းငယ်တို့သည် အဝတ်ကိုယ်၌ မကပ်ဘဲ ယောင်ယမ်းမြည်တမ်း၍ ဟောက်ကုန်၏။
ထိုအခါ ဥပါသကာတို့သည် “အသျှင်ကောင်းတို့သည် အဘယ်ကြောင့် သတိကင်းလွတ်လျက် အဆင်အခြင်မရှိ အဝတ်ကို၌ မကပ်ဘဲ ယောင်ယမ်းကာ ကျီးကဲ့သို့ ဟောက်လျက် အိပ်ဘိသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထိုသို့ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြားကုန်၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ကဲ့ရဲ့ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။
မြတ်စွာဘုရားသည် ထိုရဟန်းငယ်တို့အား “ဟုတ်မှန်ပါသလား” ဟု မေး၏။ ရဟန်းငယ်တို့လည်း “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူနှင့် အတူအိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။
ဟု မိန့်တော်မူ၏။
ထိုနောက် မြတ်စွာဘုရားသည် အာဠဝီပြည်မှ ကောသမ္ဗီပြည်သို့ ကြွတော်မူ၏။ ကောသမ္ဗီပြည်၊ ဗဒရိကာရုံကျောင်းတွင် သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်တော်မူပြီး ဖြစ်သည့်အတွက် ရဟန်းတို့သည် အသျှင်ရာဟုလာကို “ငါ့သျှင် အိပ်ရန်နေရာကို သိလော့၊ မြတ်စွာဘုရားသည် ရဟန်းမဟုတ်သောသူနှင့် အတူမအိပ်ရ” ဟု ပညတ်တော်မူအပ်ပြီဟု ဆို၏။
ထိုအခါ အသျှင်ရာဟုလာသည် အိပ်ရာနေရမရသဖြင့် ကျင်ကြီးစွန့်ရာ ‘ဝစ္စကုဋီ’ တွင် အိပ်၏။ မိုးသောက်ယံရောက်သောအခါ မြတ်စွာဘုရားသည် ထ၍ ဝစ္စကုဋီသို့ ချဉ်းကပ်၍ ချောင်းဟန့်၏။ ထိုအခါ အသျှင်ရာဟုလာလည်း ချောင်းဟန့်၏။ ထိုအခါ မြတ်စွာဘုရားသည် မေးတော်မူကာ အလုံးစုံကို သိလေ၏။
ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို တရားစကား ပြောတော်မူကာ သိက္ခာပုဒ်ကို အောက်ပါအတိုင်း ပညတ်တော်မူ၏။ [1]
သိက္ခာပုဒ်
“အကြင်ရဟန်းသည် ရဟန်းမဟုတ်သောသူနှင့် နှစ်ညဉ့် သုံးညဉ့်ထက်အလွန် (တစ်မိုးတစ်ရံတည်းသော ကျောင်း၌) အတူတကွ အိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်၊ မုသာဝါဒဝဂ်။