ကံ
ပါဠိဘာသာ ကမ္မ မှ ဆင်းသက်လာသည်။ ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စကိုဆိုလိုသည်။ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် ကံအဓိပ္ပာယ်ကို လွဲမှားစွာ ကောက်ယူနားလည်ကြသည်လည်း ရှိသည်။ မြတ်စွာဘုရားသည် စေတနာကို ကံဟူ ၍ ရင်းမြစ်ကျကျ ဟောပြတော် မူ၏။[1] ထိုကံသည် -
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
၁။ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံ နှင့်
၂။ အကျိုးစီးပွားမဲ့ကို ဖြစ်စေသော အကုသိုလ်ကံဟူ၍ နှစ်မျိုးရှိသည်။
ကံ (၃)မျိုး
၁။ ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊
၂။ နှုတ်ဖြင့် ပြောဆိုမှု ဝစီကံ၊
၃။ စိတ်ဖြင့် ကြံစည်မှု မနောကံ ဟူ၍ သုံးမျိုးရှိသည်။ ကံ ကံ၏အကျိုး ဖြစ်၏။ [2]
ကံအမျိုးမျိုး (ကမ္မဘေဒ)
ချိန်ကွဲကျိုးဖန် ကံသုံးမျိုး
ကမ္မနိယာမအရ ကောင်းသောကံသည် ကောင်းသောအကျိုးကို ပေး၏။ မကောင်းသော ကံသည် မကောင်းသော အကျိုးကို ပေး၏။ မည်သည့်အချိန်တွင် အကျိုးပေးမည်ကို ကြိုတင်မသိရှိရသော်လည်း နိယာမအတိုင်း အကျိုးပေးမည်က သေချာ၏။ အကျိုးပေးမည့် အချိန်ကို လိုက်၍ ကံသုံးမျိုး ရှိသည်။ ၎င်းတို့မှာ -[1]
ဒိဋ္ဌဓမ္မဝေဒနီကံ
လက်ရှိဘဝ တစ်ချိန်ချိန်တွင် အကျိုးပေးတတ်၏။ မျက်မှောက်ဘဝမှာပင် အကျိုးကို ခံစားစေနိုင်သောအကျိုးရှိသည့် ကံဖြစ်၏။ အောက်ပါ အချက်လေးခုနှင့် ပြည့်စုံပါသော ဒါနကုသိုလ်ကံသည် ခုနစ်ရက်အတွင်း အကျိုးပေး၏။
ဥပပဇ္ဇဒေဝနီကံ
လက်ရှိ ပစ္စုပ္ပန်ဘဝတွင် အကျိုးမပေး။ နောက်ဘဝမှ အကျိုးပေး၏။ နောက်ဘဝမှ အကျိုးပေးမည့်ကံ ဖြစ်သည်။[1]
အပရာပရိယဒေဝနီ
လက်ရှိ ဘဝ၌လည်း အကျိုးမပေး။ နောက်ဘဝ၌လည်း အကျိုးမပေးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အကျိုးပေးရန် ရင့်ကျက်သော အချိန်ကာလကို စောင့်နေရ၏။ တတိယဘဝမှ စ၍ နိဗ္ဗာန်မရောက်မချင်း ရင့်ကျက်သည့် တစ်ချိန်ချိန်တွင် ကံပိုင်ရှင်ကို အကျိုးပေး၏။[1]
အဟောသိကံ
အချို့သော ကံတို့သည် ရင့်ကျက်ချိန် မရဘဲ ပျက်စီးရသည့် ကံ ဖြစ်၏။ မိမိထက် ဆန့်ကျင်ဘက် ကံများက အလဲထိုးအနိုင်ယူလိုက်သောကြောင့် ပျက်စီးသွားရသော ကံများဖြစ်သည်။ မရင့်ကျက်သေးသော ကံတို့သည် ဖျက်ဆီးခံရပါက သက်ဆိုင်ရာ အကျိုးတရားကို မပေးနိုင်တော့ပေ။ အပွင့်သာပွင့်သော်လည်း အသီးအဖြစ်သို့ မရောက်နိုင်သော ဖြစ်ရပ်ကဲ့သို့ ဖြစ်၏။[1]
ကံကိစ္စ (၄) မျိုး
အထက်တွင် ဖော်ပြခဲ့သည်မှာ စေတနာကံ၏ အကျိုးပေးသည့် အချိန်ကာလနှင့် ပတ်သက်သည်များ ဖြစ်သည်။ ကံသည် ဆောက်ရွက်ချက် အနေဖြင့်လည်း လေးမျိုးကွဲပြား၏။[1]
ဇနကကံ
အကျိုးတစ်ရပ်ကို ကိုယ်တိုင် ဖြစ်ပေါ်စေသည့်ကံ ဖြစ်၏။ စိတ်၊ ရုပ် တို့ကို ထိုက်သင့်သလို ဖြစ်ပေါ်စေသည့်ကံသည် ဇနကကံ ဖြစ်၏။[1]
ဥပတ္ထမ္ဘကကံ
မိမိကိုယ်တိုင် အကျိုးကို မဖြစ်စေဘဲ အခြားသောကံများ အကျိုးပေးစေရန် ကူညီသောကံ ဖြစ်၏။ ကုသိုလ်ကံသည် အခြားသော ကုသိုလ်ကံ အားကောင်းလာစေရန် ကူညီ၏။ အကုသိုလ်ကံသည် အခြားသော အကုသိုလ်ကံများ ရင့်သန်လာစေရန် ကူညီထောက်ပံ့၏။[1]
ဥပပီဠကကံ
အချို့ကုသိုလ်ကံသည် အကုသိုလ်ကံများ အကျိုးမပေးအောင် ဟန့်တား၏။ အချို့အကုသိုလ်ကံသည် ကုသိုလ်ကံများ အကျိုးမပေးအောင် နှောင့်ယှက်ဟန့်တား၏။ ထိုကဲ့သို့ ဆန့်ကျင်ဘက်ကံကို နှိပ်စက်ဟန့်တားသည့်ကံနှစ်မျိုးသည် ဥပပီဠကကံ ဖြစ်၏။[1]
ဥပစ္ဆေဒကကံ
အားကြီးသော ကုသိုလ်ကံသည် အကုသိုလ်ကံများကို ဖျက်ဆီး၏။ အားကြီးသော အကုသိုလ်ကံသည် ကုသိုလ်ကံများကို ဖျက်ဆီး၏။ ထိုကဲ့သို့ ကံများကို ဖျက်ဆီးသောကံသည် ဥပစ္ဆေဒကကံ ဖြစ်၏။[1]
အလှည့်ကျတာဝန်ယူသော ကံ(၄)မျိုး
လာမည့်ဘဝတွင် အလှည့်ကျအကျိုးပေးမှုနှင့် စပ်လျဉ်းကာ “ကံ” သည် လေးမျိုးခွဲသည်။
ဂရုကံ
မိဘကို သတ်ခြင်းကဲ့သို့သော “ပဉ္စနန္တရိယကံ”၊ ဈာန်ရခြင်းကဲ့သို့သော “မဟဂ္ဂုတ်ကံ” တို့သည် မည်သည့်ကံကိုမျှ အခွင့်မပေးဘဲ မိမိတို့ကိုယ်တိုင် ပဋိသန္ဓေကို အကျိုးပေးသည်။ “ဂရုကံ” သည် အင်အားစွမ်းရည် ကြီးသောကံဟု အဓိပ္ပါယ်ရသည်။[1]
အာသန္နကံ
ကြီးလေးသောကံမရှိသူတို့တွင် သေခါနီးတွင် ပြုလုပ်သော၊ ပေါ်လာသော ကံက ဘဝအသစ်၌ အကျိုးပေး၏။ ပဋိသန္ဓေကို ဖြစ်စေ၏။ ထိုကံသည် “အာသန္နကံ” ဖြစ်၏။ [1]
အာစိဏ္ဏကံ
သေခါနီး၌ ထူးထူးခြားခြား အာသန္နကံ မရှိခဲ့သော် တစ်ဘဝလုံး ပြုလုပ်ခဲ့သည့် ကံတစ်မျိုးမျိုးသည် ဝင်လာပြီး ဘဝအသစ်ကို အကျိုးပေး၏။ ထိုကံသည် “အာစိဏ္ဏကံ” ဖြစ်၏။[1]
ကဋတ္တာကံ
အထက်ပါကံသုံးမျိုးလုံးမှ လွတ်သောကံကို “ကဋတ္တာကံ” (ပြုကာမတ္တဖြစ်ကာမတ္တကံ) ဟုခေါ်၏။ အထက်ပါကံသုံးမျိုး အကျိုးပေးခွင့်မကြုံပါက ကဋတ္တာကံများ အကျိုးပေးကြသည်။[1]
ကိုးကား
- သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၁၈၅၊ ၁၈၈၊ ၁၈၉၊ ၁၉၀၊ ၁၉၁၊ ၁၉၂။
- ဗုဒ္ဓဒေသနာတော်ဝေါဟာရ အဘိဓာန်