နိဝရဏတရားငါးပါး
နိဝရဏတရား ဟူသည် နိဗ္ဗာန်ကို ပိတ်ပင်ဖုံးကွယ်၍ ကန့်သတ်တတ်သောတရားများကို ဆိုလိုသည်။
ဘာသာတရား ![]() | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
![]() |
---|
နိဝရဏတရားငါးပါး
- ကာမစ္ဆန္ဒနိဝရဏ = လိုချင်တပ်မက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
- ဗျာပါဒနိဝရဏ = ဒေါသအမျက်ထွက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
- ထိနမိဒ္ဓနိဝရဏ = ငိုက်မြည်းခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
- ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ = စိတ်ပျံ့လွင့်ခြင်း၊ နောင်တတဖန်ပူပန်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
- ဝိစိကိစ္ဆာနိဝရဏ = သံသယရှိခြင်း၊ ယုံမှားခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
ဘုရားရှင်က သိင်္ဂါရဝပုဏ္ဏားအား ဥပမာပေးရှင်းပြပုံ
- ကာမစ္ဆန္ဒနိဝရဏ = ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ
- ဗျာပါဒနိဝရဏ = ဆူနေသောရေနွေးအိုးထဲမှရေ
- ထိနမိဒ္ဓနိဝရဏ = မှော်ဖတ်၊ မှော်ရိပ်
- ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ = သစ်ပင်ရိပ်၊ လေတိုက်၍ရေပြင်မငြိမ်
- ဝိစိကိစ္ဆာနိဝရဏ = အနယ်ဖတ်များကျ
ဘုရားရှင်က အဇာတသတ်မင်းကြီးအား ဥပမာပေးရှင်းပြပုံ
- ကာမစ္ဆန္ဒနိဝရဏ = ကြွေးတင်နေသောသူ
- ဗျာပါဒနိဝရဏ = သည်းခြေရောဂါရှိနေသောသူ
- ထိနမိဒ္ဓနိဝရဏ = ထောင်ကျနေသာသူ
- ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ = ကျွန်
- ဝိစိကိစ္ဆာနိဝရဏ = လမ်းခွဆုံရောက်နေသောသူ
ကျမ်းကိုး
- သီဟသုဓမ္မမဏိဇောတဓရ ဦးမြင့်ဆွေ ၏ မိုးကုတ်ယောဂီလက်စွဲ အမှတ်(၁)ကျမ်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.