ဝိစိကိစ္ဆာ

ဝိစိကိစ္ဆာ ဆိုသည်မှာ “ယုံမှားခြင်း” ဟု အဓိပ္ပါယ်ရသည်။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

ဝိစိကိစ္ဆာ

သုတ္တန်လာ ဝိစိကိစ္ဆာသည် ၁၆ ပါး၊ အဘိဓမ္မာလာ ဝိစိကိစ္ဆာ ၈ ပါးဟူ၍ နှစ်မျိုးရှိ၏။[1]

အတိတ်၌ ယုံမှားခြင်း (၅) ပါး

  1. ရှေး၌ ငါဖြစ်ဖူးပြီလော။
  2. ရှေး၌ ငါမဖြစ်ဖူးသေးလော။
  3. အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်ဖူးလေသနည်း။
  4. အဘယ်အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်ဖူးလေသနည်း။
  5. အဘယ်အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ခဲ့ရလေသနည်း။(ဤသည်မှာ အတိတ်၌ ယုံမှားခြင်းငါးပါး ဖြစ်သည်။) [1]

အနာဂတ်၌ ယုံမှားခြင်း (၅) ပါး

  1. နောင်၌ ငါဖြစ်ရလတ္တံ့လော။
  2. နောင်၌ ငါမဖြစ်ရလတ္တံ့လော။
  3. အဘယ်အနွယ်အားဖြင့် ဖြစ်ရလတ္တံ့နည်း။
  4. အဘယ်အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်ရလတ္တံ့နည်း။
  5. အဘယ်အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ရလတ္တံ့နည်း။ (ဤကား အနာဂတ်၌ ယုံမှားခြင်းငါးပါး ဖြစ်သည်။) [1]

ပစ္စပ္ပုန်၌ ယုံမှားခြင်း (၆) ပါး

  1. ယခု ငါသည် ဖြစ်ဆဲလော။
  2. ယခု ငါသည် ဖြစ်ဆဲမဟုတ်လေသလော။
  3. အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်လေသနည်း။
  4. အဘယ်အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်လေသနည်း။
  5. အဘယ်ဘဝမှ လာခဲ့သနည်း။
  6. အဘယ်ဘဝသို့ သွားရမည်နည်း။ (ဤကား ပစ္စုပ္ပန်၌ ယုံမှားခြင်း (၆) ပါး ဖြစ်သည်။) [1]

အဘိဓမ္မာလာ (၈) ပါး

  1. ဘုရား၌ ယုံမှားခြင်း
  2. တရား၌ ယုံမှားခြင်း
  3. သံဃာ၌ ယုံမှားခြင်း
  4. အကျင့်သိက္ခာ၌ ယုံမှားခြင်း
  5. သံသရာ၏ ရှေ့အစွန်း၌ ယုံမှားခြင်း
  6. သံသရာ၏ နောက်အစွန်း၌ ယုံမှားခြင်း
  7. သံသရာ၏ ရှေ့နောက်အစွန်းနှစ်ပါး၌ ယုံမှားခြင်း
  8. ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း။ (ဤသည်မှာ အဘိဓမ္မာလာ ဝိစိကိစ္ဆာရှစ်ပါး ဖြစ်သည်။) [1]

ရုပ်နာမ်ခန္ဓာ သတ္တဝါတို့မှာ ရှေးအကြောင်းဟူ၍ မရှိဟု ယူသော အဟောတုကဒိဋ္ဌိ, ရုပ်နာမ်ခန္ဓာ သတ္တဝါတို့ကို ထာဝရဘုရားဖန်ဆင်းသည်ဟူ၍ ယူသော ဝိသမဟေတုဒိဋ္ဌိ အစရှိသည့် ဒိဋ္ဌိအမျိုးမျိုးတို့ကိုလွန်မြောက်သော် ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်သည်။[1]

ကိုးကား

  1. လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော ကမ္မဋ္ဌာန်းကျမ်းကြီး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.