ဝေဒနာ
ဝေဒနာ ဆိုသည်မှာ "ဝေဒယတီတိ ဝေဒနာ" ခံစားတတ်သောကြောင့် ဝေဒနာ မည်သည်။ ဖဿဓာတ်၏ ကြိတ်နယ်ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော အာရုံ၏အရသာကို ခံစားတတ်သောတရားသည် "ဝေဒနာ" မည်သည်။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
အာရုံ၏ အရသာမည်သည် ပိယ သာတဟု ဆိုအပ်သော ချစ်ခင်နှစ်သက်ဖွယ် သာယာမြတ်နိုးဖွယ်များကို ဆိုလိုသည်။ ဤပိယသာတများသည် သုခဝေဒနာ၏ အစာဖြစ်၍ ထိုသုခဝေဒနာက ခံစားလေသည်။ အပ္ပိယအဿာတ ဟု ဆိုအပ်သော မုန်းဖွယ် မသာယာ မမြတ်နိုးဖွယ်များသည် ဒုက္ခဝေဒနာ၏အစာဖြစ်သော အာရုံအရသာ မည်သည်။ ထိုအပ္ပိယ အဿတ အာရုံအရသာများကို ဒုက္ခဝေဒနာက ခံစားသည်။[1]
ဝေဒနာအပြားများ
ဝေဒနာ (၆) ပါး
ဝေဒနာသည် အောက်ပါအတိုင်း ခြောက်ပါးအပြား ရှိ၏။ ထိုခြောက်ပါးတို့မှာ - [1]
- စက္ခုသမ္ဖဿဇာဝေဒနာ - မျက်စိ၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို စက္ခုသမ္ဖဿဝေဒနာဟု ဆိုသည်။ အကျဉ်းအားဖြင့် စက္ခုသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် စက္ခုသမ္ဖဿဇာဝေဒနာ မည်သည်။
- သောတသမ္ဖဿဇာဝေဒနာ - နား၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို သောတသမ္ဖဿဇာဝေဒနာဟု ဆိုသည်။ အကျဉ်းအားဖြင့် သောတသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် သောတသမ္ဖဿဇာဝေဒနာ မည်သည်။
- ဃာနသမ္ဖဿဇာဝေဒနာ - နှာခေါင်း၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို ဃာနသမ္ဖဿဇာဝေဒနာဟု ဆိုသည်။ အကျဉ်းအားဖြင့် ဃာနသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် ဃာနသမ္ဖဿဇာဝေဒနာ မည်သည်။
- ဇိဝှါသမ္ဖဿဇာဝေဒနာ - လျှာ၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို ဇိဝှါသမ္ဖဿဇာဝေဒနာဟု ဆိုသည်။ အကျဉ်းအားဖြင့် ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် ဇိဝှါသမ္ဖဿဇာဝေဒနာ မည်သည်။
- ကာယသမ္ဖဿဇာဝေဒနာ - ကိုယ်၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကိုကာယသမ္ဖဿဇာဝေဒနာဟု ဆိုသည်။ အကျဉ်းအားဖြင့် ကာယသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် ကာယသမ္ဖဿဇာဝေဒနာ မည်သည်။
- မနောသမ္ဖဿဇာဝေဒနာ - စိတ်၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို မနောသမ္ဖဿဇာဝေဒနာ ဟု ဆိုသည်။ အကျဉ်းအားဖြင့် မနောသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် မနောသမ္ဖဿဇာဝေဒနာ မည်သည်။[1]
ဝေဒနာ (၃) ပါး
ထိုမှတပါး ဝေဒနာသည် (၁) သုခဝေဒနာ၊ (၂) ဒုက္ခဝေဒနာ၊ (၃) အဒုက္ခမသုခဝေဒနာ ဟူ၍ သုံးပါးအပြားရှိသည်။ [1]
- ချမ်းသာသဖြင့် ခံစားသော ဝေဒနာသည် "သုခဝေဒနာ" မည်သည်။
- ဆင်းရဲသဖြင့် ခံစားသော ဝေဒနာသည် "ဒုက္ခဝေဒနာ" မည်သည်။
- ချမ်းသားဆင်းရဲနှစ်ပါးမှ အလွတ်ဖြစ်၍ ခံစားသော ဝေဒနာသည် "အဒုက္ခမသုခဝေဒမာ" မည်သည်။[1]
ဝေဒနာ (၅) ပါး
ထိုမှတပါး ဝေဒနာသည် (၁) သုခဝေဒနာ၊ (၂) ဒုက္ခဝေဒနာ၊ (၃) သောမနဿဝေဒနာ၊ (၄) ဒေါမနဿဝေဒနာ၊ (၅) ဥပေက္ခာဝေဒနာ စသည်အားဖြင့် ငါးပါးအပြား ရှိပြန်သည်။[1]
ဝေဒနာ (၃) ပါး
ထိုမှတပါး ဝေဒနာသည် အောက်ပါအတိုင်း သုံးပါးရှိပြန်သည် -
- အပါယိကဝေဒနာ - အပါယ်ဘုံ၌ ဖြစ်သော ဝေဒနာသည် "အပါယိကဝေဒနာ" မည်သည်။
- မာနုဿိကဝေဒနာ - လူ့ပြည်လောက၌ ဖြစ်သော ဝေဒနာသည် "မာနုဿိကဝေဒနာ" မည်သည်။
- ဒိဗ္ဗဝေဒနာ - နတ်ဗြဟ္မာတို့၏ ဘုံ၌ ဖြစ်သော ဝေဒနာသည် "ဒိဗ္ဗဝေဒနာ" မည်သည်။[1]
အပါယိကဝေဒနာသည် ငရဲ၏ ဒုက္ခဝေဒနာ၊ တိရစ္ဆာန်တို့၏ ဒုက္ခဝေဒနာ၊ ပြိတ္တာတို့၏ ဒုက္ခဝေဒနာ၊ အသုရကာယ်တို့၏ ဒုက္ခဝေဒနာဟူ၍ လေးမျိုးရှိသည်။ သိဉ္ဇိုင်းငရဲမှစ၍ အဝီစိတိုင်အောင် ငရဲဘုံတို့၌ ဖြစ်သော ဆင်းရဲမှုကို ငရဲဒုက္ခဝေဒနာဟု ဆိုသည်။ ဤငရဲဆင်းရဲသည် ဒုက္ခဝေဒနာဟူသမျှတို့တွင် အကြီးအကျယ်ဆုံး ဖြစ်သည်။ မနုဿိကဝေဒနာဟု ဆိုအပ်သည့် လူ့ဘုံ၌ ဖြစ်သော ဝေဒနာသည် ချမ်းသာဆင်းရဲတွဲဖက်ရောနှောလျက် ရှိသည်။[1]
ကိုးကား
- လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။