သမ္မာကမ္မန္တ
သမ္မာကမ္မန္တ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သော အမှုကို ပြုခြင်း” ဟု အဓိပ္ပါယ်ရသည်။ သမ္မာကမ္မန္တ (၃) ပါးရှိ၏။ [1]
ဘာသာတရား ![]() | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
![]() |
---|
သမ္မာကမ္မန္တ (၃) ပါး
သမ္မာကမ္မန္တ (၃) ပါး မှာ - (၁) ပါဏာတိပါတဝိရတိ၊
(၂) အဒိန္နာဒါနဝိရတိ၊
(၃) ကာမေသုမိစ္ဆာစာရဝိရတိ တို့ ဖြစ်ကြသည်။[1]
ပါဏာတိပါတဝိရတိ
ပါဏာတိပါတဝိရတိ ဆိုသည်မှာ ကိုယ်ဝန်ကို ဖျက်ဆီးခြင်း, သန်းဥ, ကြမ်းပိုးဥကို ဖျက်ဆီးခြင်းတို့မှစ၍ အသက်ရှိသော သတ္တဝါကို သေပျောက် ပျက်ဆုံးစေလိုသောစိတ်ဖြင့် သေပျောက်ပျက်ဆုံးစေရန် ကိုယ်ပယောဂ, နှုတ်ပယောဂပြုခြင်းသည် ပါဏာတိပါတ မည်၏။ထို ပါဏာတိပါတမှ ကြဉ်ရှောင်ခြင်းသည် “ပါဏာတိပါတဝိရတိ” မည်၏။[1]
အဒိန္နာဒါနဝိရတိ
အဒိန္နဒါနဝိရတိ ဆိုသည်မှာ မြက်, ထင်း, ရေ တို့မှစ၍ သူတစ်ပါးတို့၏ ဥစ္စာဟူ၍ သိမ်းပိုက်ဆဲဖြစ်သော သက်ရှိ သက်မဲ့ဝတ္ထုကို ဥစ္စာရှင်မမြင်မသိအောင် ခိုးယူလိုသောစိတ်ဖြင့် ခိုးယူခြင်း, ကိုယ်ပယောဂ, နှုတ်ပယောဂကို ပြုခြင်းသည် အဒိန္နာဒါန မည်၏။ ထိုအဒိန္နာဒါနမှ ကြဉ်ရှောင်ခြင်းသည် “အဒိန္နာဒါနဝိရတိ” မည်၏။[1]
ကာမေသုမိစ္ဆာစာရဝိရတိ
ကာမေသုမိစ္ဆာစာရဝိရတိ ဆိုသည်မှာ အမိစောင့်သော မိန်းမ, အဘစောင့်သော မိန်းမတို့မှစ၍ မကျူးလွန်ထိုက်သော မိန်းမတို့၌ ကျူးလွန်သော ယောက်ျား၏ လွန်ကျူးမှုသည်လည်းကောင်း၊ လင်ရှိလျက် မိမိလင်မှ တစ်ပါးသော မလွန်ကျူးထိုက်သော ယောက်ျားနှင့် လွန်ကျူးသော မိန်းမ၏ လွန်ကျူးမှုသည်လည်းကောင်း, ကာမေသုမိစ္ဆာစာရ မည်၏။ ယစ်မျိုးငါးပါး သောက်စားမှုကိုလည်းကောင်း၊ ဖဲ, ပဆစ်, ကြွေ, အန် အစရှိသော ကစားမှုများကိုလည်းကောင်း၊ ကာမေသုမိစ္ဆာစာရ၌ သွင်း၏။ ထိုကာမေသုမိစ္ဆာစာရမှ ကြဉ်ရှောင်ခြင်းသည် “ကာမေသုမိစ္ဆာစာရဝိရတိ” မည်၏။[1]
ကိုးကား
- လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၅၈၊ ၅၉။