သမ္မာသင်္ကပ္ပ
သမ္မာသင်္ကပ္ပ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သောအကြံအစည်” အဓိပ္ပါယ်ရသည်။[1]
ဘာသာတရား ![]() | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
![]() |
---|
သမ္မာသင်္ကပ္ပ (၃) ပါး
မှန်ကန်သော ကြံစည်မှု သမ္မာသင်္ကပ္ပသည် (၃) မျိုးရှိ၏။ ၎င်းတို့မျာ - (၁) နေက္ခမ္မသင်္ကပ္ပ၊
(၂) အဗျာပါဒသင်္ကပ္ပ၊
(၃) အဝိဟိံသာသင်္ကပ္ပ တို့ ဖြစ်ကြသည်။[1]
(၁) နေက္ခမ္မသင်္ကပ္ပ
နေက္ခမ္မသင်္ကပ္ပဆိုသည်မှာ ကောင်းသောအဆင်း, ကောင်းသောအသံ, ကောင်းသောအနံ့, ကောင်းသောအရသာ, ကောင်းသော အထိအတွေ့မျိုးဟူသော ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌လည်းကောင်း၊ တပ်ခြင်း, တွယ်တာခြင်း, စွဲလမ်းခြင်းကို ပယ်စွန့်နိုင်သော အလောဘတရားသည် ရှိ၏၊ ထိုအလောဘတရားနှင့် ယှဉ်သော အကြံအစည်မျိုးသည် “နေက္ခမ္မသင်္ကပ္ပ” မည်၏။[1]
(၂) အဗျာပါဒသင်္ကပ္ပ
အဗျာပါဒသင်္ကပ္ပဆိုသည်မှာ လူ, တိရစ္ဆာန် အစရှိသော ခပ်သိမ်သော သတ္တဝါတို့၌ ကောင်းကျိုးချမ်သာကို လိုလားသော မေတ္တာတရားသည် ရှိ၏၊ ထိုမေတ္တာတရားနှင့် ယှဉ်သော အကြံအစည်မျိုးသည် “အဗျာပါဒ သင်္ကပ္ပ” မည်၏။[1]
(၃) အဝိဟိံသာသင်္ကပ္ပ
အဝိဟိံသာသင်္ကပ္ပ ဆိုသည်မှာ ခပ်သိမ်းသော ဒုက္ခိတသတ္တဝါတို့ကို သနားညှာတာတတ်သော ကရုဏာတရားသည် ရှိ၏၊ ထိုကရုဏာတရားနှင့် ယှဉ်သော အကြံအစည်မျိုးသည် “အဝိဟိံသာသင်္ကပ္ပ” မည်၏။[1]
ကိုးကား
- လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၅၅၊ ၅၆။