သမ္မာအာဇီဝ
သမ္မာအာဇီဝ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သော အသက်မွေးခြင်း” ဟု အဓိပ္ပါယ်ရသည်။ သမ္မာအာဇီဝ (၄) ပါးရှိ၏။ [1]
ဘာသာတရား ![]() | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
![]() |
---|
သမ္မာအာဇီဝ (၄) ပါး
သမ္မာအာဇီဝ (၄) ပါးတို့မှာ - (၁) ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ၊
(၂) အနေသနမိစ္ဆာဇီဝဝိရတိ၊
(၃) ကုဟနာဒိမိစ္ဆာဇီဝ ဝိရတိ
(၄) တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ တို့ဖြစ်ကြသည်။[1]
(၁) ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ
ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ ပါဏာတိပါတ အစရှိသော ကာယဒုစ္စရိုက်သုံးပါး, မုသာဝါဒအစရှိသော ဝစီဒုစ္စရိုက်လေးပါးတို့တွင် တစ်ပါးပါးသော ဒုစ္စရိုက်မှုနှင့် ပစ္စည်းဥစ္စာရှာကြံ၍ အသက်မွေးခြင်းသည် ဒုစ္စရိတမိစ္ဆာဇီဝ မည်၏။ [မရောင်းအပ်သော ကုန်မျိုးငါးပါးတို့ကို ရောင်းချ၍ အသက်မွေးခြင်းကိုလည်း ဤမိစ္ဆာဇီဝ၌ သင်္ဂြိုဟ်ရေတွက်အပ်၏။] ထိုဒုစ္စရိတမိစ္ဆာဇီဝမှ ကြဉ်ရှောင်ခြင်းသည် “ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ” မည်၏။[1]
(၂) အနေသနမိစ္ဆာဇီဝဝိရတိ
အနေသနာမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ လူတို့အား သစ်သီးပေးခြင်း, ပန်းပေးခြင်း စသော ၂၁ ပါးသော အနေသနမှုတို့ဖြင့် ပစ္စည်းလာဘ်လာဘကို ဖြစ်စေ၍ ရသေ့ရဟန်းတို့၏ အသက်မွေးမှုသည် အနေသန မိစ္ဆာဇီဝမည်၏။ ထိုမိစ္ဆာဇီဝမှ ကြဉ်ရှောင်မှုသည် “အနေသနမိစ္ဆာဇီဝဝိရတိ” မည်၏။[1]
(၃) ကုဟနာဒိမိစ္ဆာဇီဝ ဝိရတိ
ကုဟနာဒိမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ ကုဟန, လပန, နိမိတ္တ, နိပ္ပေသန, လာဘေန လာဘ နိဇိဝီသန ဟူ၍ မိစ္ဆာဇီဝဝတ္ထုငါးပါး ရှိ၏။[1]
(က) ကုဟန
ကုဟန ဆိုသည်မှာ အံ့ဖွယ်သရဲဖြစ်အောင် လုပ်ကြံစဉ်းလဲမှု ဖြစ်သည်၊ သီလမရှိဘဲလျက် သီလရှိသည်ဟု ထင်မှတ်ရအောင် ဟန်ဆောင်ခြင်း အစရှိသည်ဖြင့် မိမိ၌မရှိသော အံ့ဖွယ်သရဲ ထူးကဲလွန်မြတ်သော ဂုဏ်တို့ကို မိမိ၌ရှိသည်ဟု ထင်မှတ်ရအောင် ကြံဆောင်စဉ်းလဲ၍ လာဘ်လာဘကို ဖြစ်စေမှု ဆိုလိုသည်။[1]
(ခ) လပန
လပန ဆိုသည်မှာ ပစ္စည်း လာဘ်လာဘနှင့် စပ်လျဉ်း၍ အပြောအဆို ရဲရင့်ခြင်း ဖြစ်သည်။[1]
(ဂ) နိမိတ္တ
နိမိတ္တ ဆိုသည်မှာ မိမိအား ပစ္စည်း ဝတ္ထုလှူဒါန်းစေရန် အရိပ်နိမိတ်ကို ပြခြင်း ဖြစ်သည်။[1]
(ဃ) နိပ္ပေသန
နိပ္ပေသန ဆိုသည်မှာ မလှူဘဲမနေသာအောင်စကားဖြင့် ကြိတ်ခြင်း နှိပ်ခြင်း ဖြစ်သည်။[1]
(င) လာဘေန လာဘ နိဇီဝိသန
လာဘေန လာဘ နိဇီဝိသန ဆိုသည်မှာ တစ်အိမ်၌ တစ်မတ်တန်ရပြီးသော လာဘ်ကို တစ်အိမ်၌ပေး၍ ထိုအိမ်မှ တစ်ကျပ်တန် လာဘ်ရအောင် ပြုခြင်းဖြစ်သည်။[1]
(၄) တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ
တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ အင်္ဂဝိဇ္ဇာအတတ်, လက္ခဏဝိဇ္ဇာအတတ် အစရှိသော လောကီအတတ်ပညာမျိုးသည် ရသေ့ရဟန်းတို့၏ ပဋိပတ္တိဓမ္မနှင့် ဖီလာကန့်လန့် ဆန့်ကျင်ဘက်မျိုးဖြစ်၍ တိရစ္ဆာနဝိဇ္ဇာမည်၏၊ ထိုအတတ်ပညာဖြင့် အင်္ဂါလက္ခဏာ စသည်တို့ကို ကြည့်ရှု၍ အကျိုးအပြစ်ကို ဟောကြားလျက် အသက်မွေးမှုသည် ရသေ့ ရဟန်းတို့မှာ တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝ မည်၏။ တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝမှ ကြဉ်ရှောင်မှုသည် “တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ” မည်၏။[1]
ကိုးကား
- လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၆၀၊ ၆၁၊ ၆၂။