ဥပါဒါန်

ဥပါဒါန် ဆိုသည်မှာ "ဥပါဒိယတီတိ ဥပါဒါနံ" မြဲစွာစွဲလမ်းတတ်သောကြောင့် "ဥပါဒါန်" မည်သည်။ တဏှာကြောင့် ဥပါဒါန် ဖြစ်ပေါ်သည်။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

ခိုင်မြဲကြပ်တည်းစွာ မလွှတ်ရက်ပဲ စွဲလမ်းသောတရားကို "ဥပါဒါန်" ဟု ဆိုသည်။ အကြင်တစ်စုံတစ်ရာသော အရာဝတ္ထုကို သာယာစွဲလမ်းမှုကြောင့် အလွန်များပြားသော ဆင်းရဲဒုက္ခကို ရပါသော်လည်း ထိုဝတ္ထုကို မစွန့်ပစ်နိုင်၊ အပြစ်ဒေါသ အာဒီနဝတို့ကို မြင်ပါသော်လည်း ထိုဝတ္ထုကို မစွန့်လွှတ်နိုင်။ ဖားကို မြွေမြို၍ ထားသကဲ့သို့ အတင်းစွဲလမ်းသည်ကို "ဥပါဒါန်" ဟူ၍ ဆိုလိုသည်။

ဥပါဒါန်လေးပါး

ဥပါဒါန်သည် အောက်ပါအတိုင်းလေးပါးအပြား ရှိသည် -

  1. ကာမုပါဒါန်
  2. ဒိဋ္ဌုပါဒါန်
  3. သီလဗ္ဗတုပါဒါန်
  4. အတ္တဝါဒုပါဒါန်[1]

ကာမုပါဒါန်

ချစ်ခင်နှစ်သက် စုံမက်သာယာဖွယ်ဖြစ်သည့် ရူပါရုံအစရှိသည့် ကာမဝတ္ထုတို့၌ မလွှတ်ရက်ဘဲ ပြင်းစွာစွဲလမ်းသော ကာမတဏှာသည် "ကာမုပါဒါန်" မည်သည်။[1]

ဒိဋ္ဌုပါဒါန်

မှားယွင်းသောအယူတို့၌ လည်းကောင်း၊ ဒိဋ္ဌိနှင့်ဆိုင်သော ဝတ္ထုတို့၌လည်းကောင်း၊ ကျမ်းဂန်တို့၌ လည်းကောင်း ဤအယူသာ မှန်၏ အခြား အယူများကား အမှားချည်းတည်းဟူ၍ ပြင်းထန်ခိုင်မြဲစွာ စွဲလမ်းသော ဒိဋ္ဌိသည် "ဒိဋ္ဌုပါဒါန်" မည်သည်။[1]

သီလဗ္ဗတုပါဒါန်

သမာဓိကို ဖြစ်စေတတ်သော ဘာဝနာ, ပညာကို ဖြစ်ပွားစေတတ်သော ဘာဝနာလမ်းမှ ရှောင်ထွက်၍ မိမိကိုယ်ကို ပူပန်အောင်ကျင့်ခြင်းစသော အတ္တကိလမထာနုယောဂအကျင့်, အချည်းနှီးစက်ဆုပ်ဖွယ်ကျင့်သောအကျင့်, နွားတို့အကျင့် နွားတို့အလေ့သို့လိုက်သော အကျင့် ဤကဲ့သို့သော ဗာဟိရကတိတ္ထိတို့၏ အကျင့်မျှနှင့် သံသရာမှ စင်ကြယ်စွာ ထွက်မြောက်နိုင်သည်၊ ဒုက္ခမှ ကင်းလွတ်နိုင်သည်ဟူ၍ အခိုင်အမြဲ စွမ်းလမ်းသော ဒိဋ္ဌိတ်မျိုးသည် "သီလဗ္ဗတုပါဒါန်" မည်သည်။[1]

အတ္တဝါဒုပါဒါန်

သတ္တဝါတို့မှာ ခိုင်မြဲသော အတ္တရှိ၏။ ထိုအတ္တဖြင့် တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်း၏။ လူသေ၍ ပြောင်းလဲသော်လည်း အတ္တသည် မပြောင်းလဲ၊ "ငါ" ဧကန်ရှိသည်၊ "သူတစ်ပါး" ဧကန်ရှိသည်၊ "ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ" ဧကန်ရှိသည် ဟူ၍ အပြင်းအထန်စွဲလမ်းသော ဒိဋ္ဌိတစ်မျိုးသည် "အတ္တဝါဒုပါဒါန်" မည်သည်။[1]

ထိုအတ္တဝါဒုပါဒါန်ကို အတ္တဒိဋ္ဌိဟူ၍လည်းကောင်း၊ အတ္တာနုဝါဒဒိဋ္ဌိဟူ၍လည်းကောင်း၊ သက္ကာယဒိဋ္ဌိဟူ၍လည်းကောင်း ဆိုအပ်သည်။[1]

ကိုးကား

  1. လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.