ကြေးဝါစေတီ

ကြေးဝါစေတီတော်ကြီးသည် မန္တလေးတိုင်းဒေသကြီးဝမ်းတွင်းမြို့နယ်၊ ဉာဏ်ကန်-ရှောက်တောကျေးရွာအနီးတွင် တည်ရှိသည်။ [1]

ကြေးဝါစေတီ
ကြေးဝါစေတီတော်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာဉာဏ်ကန်-ရှောက်တောကျေးရွာ အနီး၊ ဝမ်းတွင်းမြို့နယ်, မန္တလေးတိုင်းဒေသကြီး
ကိုဩဒိနိတ်21.1128535°N 95.8840662°E / 21.1128535; 95.8840662
ဘာသာရေး နှီးနွယ်မှုထေရဝါဒဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူဝံသာလင်္ကာရ သဒ္ဓမ္မာ ဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု
ပြီးစီးဩဂုတ် ၂၅၊ ၁၇၈၆ (၁၇၈၆-၀၈-25)

သမိုင်းအကျဉ်း

ဘိုးတော်ဘုရား(ခ)ဗဒုံမင်း လက်ထက် သာသနာပိုင်ဆရာတော် တစ်ကျိပ်နှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မုံတောဆရာတော် ဝံသာလင်္ကာရ သဒ္ဓမ္မာ ဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရုသည် ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ကြာသပတေးနေ့တွင် စေတီတော်ကြီးအား အုတ်မြစ်ချခဲ့သည်။ ကောဇာသက္ကရာဇ် ၁၁၄၈ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက်၊ သောကြာနေ့တွင် ဉာဏ်တော် ၉ တောင်ရှိသော ရွှေထီးတော်ကို တင်လှူပူဇော်ခဲ့သည်။ ကြေးဝါစေတီတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၁၀၈ တောင် ရှိသည်။

ကိုးကား

  1. ကြေးဝါစေတီတော်သမိုင်း၊ ဘဒ္ဒန္တ ပညာဒီပ၊ ၂၀၁၃ ခု၊ နိုဝင်ဘာလ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.