လေးကျွန်းစကြာရပ်တော်မူ

လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီးသည် ၁၁၆ မီတာ (သို့မဟုတ်) ၃၈၁ ပေ အမြင့်ဆောင်သည့် ကမ္ဘာ့တတိယအကြီးဆုံး ရုပ်ပွားတော်မြတ်ကြီးဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီးသည် ၁၃.၅ မီတာ(၄၄ ပေ)အမြင့်ရှိ ပလ္လင်တော်ကြီးပေါ်တွင် ရပ်တော်မူလျက်အသွင်ဟန်ဖြင့် တည်ရှိပြီး၊ မြန်မာနိုင်ငံမုံရွာမြို့အနီး ခတက္ကန်တောင်ရွာ၊ ဇီးဖြူတောင်ပေါ်တွင် တည်ရှိသည်။ ၁၉၉၅ ခု၊ မေလ(၈)ရက်၊ နံနက်(၉:ဝဝ)နာရီတွင် ပန္နက်တင်မင်္ဂလာပြုလုပ်ပြီး၊ ၁၉၉၅ ခု၊ ဩဂုတ်လ(၈)ရက်၊ နံနက် (၈:၂ဝ)နာရီတွင် အုတ်မြစ်စီမင်္ဂလာပြုလုပ်ခဲ့သည်။ ၂ဝဝ၈ ခု၊ ဖေဖော်ဝါရီလ (၂ဝ)ရက်၊ နံနက်(၇:၃ဝ)နာရီတွင် သံဃာတော်အပါးတစ်ထောင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ပြုလုပ်နိုင်ခဲ့သည်။ [1] ကမ္ဘာ့အံ့ချီးဖွယ် လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီးကို မဟာဗောဓိတထောင်သာသနာ့နယ်မြေ စတင်ထူထောင်တော်မူသော မဟာဗောဓိတထောင်ပဓာနနာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာရဒမထေရ် စတင်တည်ထားကိုးကွယ်တော်မူခဲ့သည်။ ဆရာတော်ဘုရားကြီးမှာ ၂ဝဝ၆ ခု၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

လေးကျွန်းစကြာရပ်တော်မူ

ဆက်စပ်ဖတ်ရှုရန်

  1. မဟာဗောဓိတထောင်
  2. မဟာဗောဓိတထောင်ဆရာတော်

ကိုးကား

  1. ဦးသက်တင်ရေးသားသော မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး၏ ခယောင်းလမ်းမှသည်နှင့် ဘဝသမိုင်းမှတ်တိုင်များ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.