စန္ဒာမုနိစေတီ(မန္တလေး)
နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရား သည် မန္တလေးတောင်ခြေတွင် တည်ရှိသော စေတီတော်နှင့် ရုပ်တုတော် တစ်ဆူ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၆၄-ခုနှစ်တွင် ဘိုးတော်ဘုရား(ခေါ်) ဗဒုံမင်းတရားသည် မင်းကွန်းစေတီတော် တည်နေချိန်၌ မင်းကွန်းအလယ်ကျွန်းတွင် သွန်းလုပ်တော်မူခဲ့သည်။ သံချိန် (၁၁၃၆၈)ပိဿာ ရှိသော စန္ဒာမုနိ ဘုရားရှင် ရုပ်ပွားတော်ကို ထုလုပ်ခဲ့သည်လို့ မှတ်တမ်းတွင် ရေးသားခဲ့သည်။ လဝန်းကဲ့သို့ အသရေတော်ရှိသဖြင့် စန္ဒာမုနိဟု အမည်တွင်သည်။[1]
နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရား | |
---|---|
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ | |
အချက်အလက်များ | |
ကိုဩဒိနိတ် | 22.003470°N 96.109758°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး |
ဗိသုကာ | |
တည်ထောင်သူ | မင်းတုန်းမင်း |
ပြီးစီး | ၁၈၇၄ |
ထို့နောက် အမရပူရသို့ ပင့်ပြီး ပူဇော်ခဲ့ရာ ဘကြီးတော်ဘုရားလက်ထက်တွင် နန်းစိုက်ရာ အင်းဝသို့ ပင့်ဆောင်ခဲ့ပြီး ရွှေဘိုမင်းလက်ထက်တွင် အမရပူရသို့ ပြန်လည် ပင့်ဆောင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၂၉ တွင် မင်းတုန်းမင်းက ယာယီစံနေသော နန်းမြေဘုံသာ စံနန်းတော်ကို ဖျက်ကာ ညီတော် အိမ်ရှေ့ ကနောင်မင်းသားနှင့် သားတော်များ၏ အလောင်းများကို ဂူသွင်းကာ ဂူနှင့် ၂ တောင်အကွာတွင် စန္ဒာမုနိ ရုပ်ပွားတော်စေတီကို တည်ထားခဲ့ရာ စေတီကို စန္ဒာမုနိဘုရားဟု ခေါ်ဆိုခဲ့သည်။
မြန်မာသက္ကရာဇ် ၁၂၇၅ တွင် ရသေ့ကြီးဦးခန္တီ ဦးဆောင်ပြီး အဋ္ဌကထာနဲ့ ဋီကာ ကျောက်စာဂူပေါင်း ၅၀၈ ဂူ၊ ကျောက်စာချပ်ရေ ၁၅၂၄ ချပ်၊ ဓမ္မစေတီပေါင်း ၇၅၈ ကျောက်ချပ်ပေါင်း ၁၇၇၄ ချပ်ဖြင့် ပူဇော်ထားခဲ့သည်။[2]
မင်းတုန်းမင်းလက်ထက် ဘုရားပွဲတော်
စန္ဒာမုနိဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှာ (၃)ရက်နေ့အထိ ပြုလုပ်လေ့ရှိသည်။