ပုထိုးတော်ကြီး(အမရပူရ)
အမရပူရ ပုထိုးတော်ကြီးသည် မန္တလေးမြို့တောင်ဘက်ရှိ အမရပူရမြို့ တောင်သမန်အင်း၏ မြောက်ဘက်၌ တည်ရှိသည်။ တောင်သမန်အင်း၏ အနောက်ဘက် ဦးပိန်တံတားထိပ်တွင် မျက်နှာတော်ကို မော်ဖူးရသည့် တောင်ကြီးပမာ ကြီးမားလှသည့် တောင်မင်းကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည်လည်း ကိန်းဝပ်တော်မူလျက်ရှိသည်။
ပုထိုးတော်ကြီး | |
---|---|
![]() | |
![]() ![]() မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ | |
အချက်အလက်များ | |
တည်နေရာ | အမရပူရ၊ မန္တလေးတိုင်းဒေသကြီး |
ကိုဩဒိနိတ် | 21.911432°N 96.056438°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဗိသုကာ | |
တည်ထောင်သူ | ဘကြီးတော် |
စတင်သည့်နှစ် | ၁၈၁၉ |
ဘုရင်ဘကြီးတော်မင်းကြီးသည် ၁၈၈၁-ခုနှစ်၊ တန်ခူးလဆန်း (၅)ရက်နေ့တွင် ဘုရားရှင်၏ သရီရ ဓာတ်တော်များ၊ ရွှေစင်စစ်ဖြင့် သွန်းလုပ်ထားသော ရုပ်ပွားတော် များစွာတို့ကို ဌာပနာ၍ တည်ထားခဲ့ခြင်း ဖြစ်သည်။ မဟာဝိဇယရံသီ ပုထိုးတော်ကြီး ဘုရားဟုလည်း ခေါ်ဆိုကြသည်။ ပုထိုးတော်ကြီး၏ ဉာဏ်တော်မှာ သံတောင် ၁၂ဝ ရှိပြီး၊ သာယာဝတီမင်း၊ မင်းတုန်းမင်းတရားကြီးနှင့် မြို့သူမြို့သားများက အဆက်ဆက်ပြုပြင် ခဲ့ကြသည်။ စင်္ကြန် ၅ ဆင့် သည် ပုထိုးမြတ်စံရာ ထူပါအဆင့် ဖြစ်သည်။ စင်္ကြန် ဘုံ ပျံ ၅ တန်သော အဆင့်သည် ဇာတ်တော်ပြ ရုပ်လုံးရုပ်ကြွ ပုံဖြင့် ပြွမ်းလျှက် အနီးက သလင်း ကျောက်ချပ်ပေါ်တွင် ယင်းစေတီ ပုထိုးတည်ထားရကြောင်း ကျောက်ထွင်းကမ္ဗည်းများရှိသည်။
ကိုးကား