ကျောက်တော်ကြီးဘုရား(ရန်ကုန်)

ရန်ကုန်မြို့ရှိ ကျောက်တော်ကြီးဘုရားသည် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်ရှိ မင်းဓမ္မကုန်းတော်ပေါ်တွင် စံပါယ်လျက်ရှိပါသည်။[1] ရုပ်ပွားတော်မြတ်စံပါယ်ရာ ဂန္ဓာကုဋီတိုက်တော်သည် ၂၅ ပေ (၇.၆ မီတာ) မြင့်ပြီး ဘွဲ့တော်အပြည်အစုံမှာ လောကချမ်းသာအဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီးဟု၍ဖြစ်သည်။ ရုပ်ပွာတော်မြတ်ကြီးကို မန္တလေးတိုင်းဒေသကြီးမတ္တရာမြို့နယ်ရှိ စကျင်တောင်မှရရှိသော အဖြူရောင်စကျင်ကျောက်တုံး တစ်တုံးမှ ထုလုပ်ထားခြင်းဖြစ်သည်။[1] ရုပ်ပွားတော်မြတ်ကြီး၏ အလေးချိန်သည် ၅၆၀ တန်နီးပါးရှိပြီး[2] ဘေးရန်အန္တရာယ်မရှိအောင် ကာကွယ်ပေးလျက်ရှိသောဟန်ဖြစ်သော အဘယမုဒြာသဏ္ဌာန် ထုလုပ်ထားသည်။[3]

အခြား အသုံးအနှုန်းများ အတွက် ကျောက်တော်ကြီးဘုရား (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
လောကချမ်းသာ မုနိရုပ်ပွားတော်မြတ်ကြီး
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာမင်္ဂလာဒုံမြို့နယ်ရန်ကုန်မြို့
ကိုဩဒိနိတ်16.884581°N 96.123207°E / 16.884581; 96.123207
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူဦးသန်းရွှေ
ပြီးစီးဖေဖော်ဝါရီ ၂၀၀၂ (၂၀၀၂-၀၂)


စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ရုပ်ပွားတော်မြတ်ကို အထူးပြုလုပ်ထားသော ရထားလမ်းများတည်ဆောက်ပြီး အေးရှားဝေါလ်ကုမ္ပဏီမှ လှူဒါန်းသော ၂၀၀ ပေ (၆၁ မီတာ) ရှည်သည့် သမ္ဗန်တော်ဖြင့် သယ်ဆောင်ခဲ့သည်။[3] ထိုသမ္ဗန်တော်အား ဧရာဝတီမြစ်အတွင်းသို့ချပြီး မြစ်ကမ်းတစ်လျှောက် မြို့ကြီးများသို့ ဝင်ရောက်အဖူးမြော်ခံပြီးမှ ရန်ကုန်မြို့သို့ ဝင်ရောက်လေသည်။[3] သမ္ဗန်တော်ကြွချီရာ မြစ်ကြောင်းတစ်လျှောက်တွင် လှေခင်းများ ခင်းလျက် တင့်တယ်စွာ သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။[3]


စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဆင်းတုတော်ကို အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်တွင် ၅ ဩဂုတ် ၂၀၀၀ ခုနှစ် ကုန်းပေါ်သို့သယ်ဆောင်တော်မူခဲ့သည်။ ထိုသို့ဆောင်ယူရာ၌ လူပေါင်း ၅၀၀,၀၀၀ ကျော် လာရောက်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲများဖြစ်ကြသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ [[သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး) |ဗိုလ်ချူပ်မှူးကြီးသန်းရွှေ]]၊ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လည်း ပါဝင်ခဲ့သည်။[3] ရုပ်ပွားတော်ကို မင်းဓမ္မကုန်းတော်ပေါ်သို့ အထူးပြုလုပ်ထားသော ရထားတွဲများဖြင့် ၁၀ ဩဂုတ်လတွင် သယ်ယူခဲ့သည်။[3] ပြီးစီးအောင် ထုလုပ်ထားခြင်းမရှိသော ရုပ်ပွားတော်ကို ပြီးစီးအောင်ထုလုပ်၍ အခါတော်ပေးများအလိုအရ ထူးမြတ်သော အောင်မြေနေရာတွင် ရုပ်ပွားတော်၏ စံကျောင်းတော် ဆောက်လုပ်ခဲ့သည်။[4] ကျောက်တော်ကြီးဘုရားရုပ်ပွားတော်မြတ်ကို ၂၀၀၂ နှစ် ဖေဖော်ဝါရီလတွင် ထုလုပ်ပြီးစီးလှူဒါန်းမှုပြုလုပ်ခဲ့သည်။[3] အများအပြောအရ ဗုဒ္ဓဆင်းတုတော် ထုလုပ်လှူဒါန်းခြင်းသည် မကောင်းသော ကံကြမ္မာကို ရှောင်လွဲရန် ယတြာဟုလည်း ဆိုကြသည်။[3] ကျောက်တော်ကြီးဘုရားတည်ရှိရာနေရာသည် ယခင် ကိုးမိုင်သင်္ချိူင်းနေရာဖြစ်သည်။[5]

ရုပ်ပုံများ

ကိုးကား

  1. Kyauktawgyi Pagoda Myanmar Travel Information (2014)။ 10 July 2015 တွင် ပြန်စစ်ပြီး။
  2. KOH KIM SENG (2009)။ MISUNDERSTOOD MYANMAR: AN INTROSPECTIVE STUDY OF THE VICISSITUDES OF A SOUTHEAST ASIAN STATE IN TRANSITION 209။ NATIONAL UNIVERSITY OF SINGAPORE။ 10 July 2015 တွင် ပြန်စစ်ပြီး။
  3. Seekins၊ Donald M.။ State and Society in Modern Rangoon။ Routledge။ pp. 190–191။ ISBN 9781317601548
  4. Matthews၊ Bruce (2001)။ Southeast Asian Affairs 2001။ Institute of Southeast Asian Studies။ p. 236။ ISBN 9789812301291
  5. Seekins၊ Donald M. (2014)။ State and Society in Modern Rangoon။ Routledge။ p. 168။ ISBN 9781317601548
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.