ရှင်မာလဲဘုရား

ရှင်မာလဲဘုရားသည် မန္တလေးမဟာမုနိဘုရားမြောက်ဘက် အပြင်မီးတားတံတိုင်းအနီးတွင် တည်ရှိသည်။ ဤဘုရား၏ ထူးခြားချက်မှာ တန်ဆောင်တိုင်ပွဲတော်၌ ကြာပန်းတစ်မျိုးတည်းသာ လှူဒါန်းကြသည့်ပွဲကို စည်ကားစွာ ကျင်းပခြင်းပင် ဖြစ်သည်။

ရှင်မာလဲဘုရားကို ပုဂံပြည့်ရှင် အလ​ောင်းစည်သူမင်း၏ သားတ​ော်ကြီး မင်းရှင်စော တည်ခဲ့သည်ဟု သိရသည်။ မင်းရှင်စ​ောသည်

မန္တလ​ေး ရွှ​ေတောင်အရပ်ဖြစ်သ​ော ထွန်တုန်းပူတက်( ယခု ဗိုလ်တက်ကုန်း)တွင် ထီးနန်းစိုက်စံ န​ေတော်မူစဉ်က တည်ခဲ့သည်ဟု သိရသည်။ မင်းရှင်စ​ောသည် ရှင်မာလဲဘုရားကို တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီတော် ပုံစံအတိုင်း ရည်မှန်းတည်တ​ော်မူပြီး ကြာပန်းတစ်မျိုးတည်းသာ ကပ်လှူပူဇ​ော်ခဲ့သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.