လွန်းညစေတီတော်

လွန်းညစေတီတော်သည် ကရင်ပြည်နယ်ဘားအံမြို့နယ်အိန္ဒုတိုက်နယ်တွင် တင့်တယ်သပ္ပယ်စွာ ကိန်းဝပ်တော်မူလျက်ရှိသည်။ သုဝဏ္ဏဘူမိသထုံပြည်ကို သုဝဏ္ဏမင်းကြီး စိုးစံချိန်၊ သာသနာတော်နှစ် ၄၀၀ ပြည့်နှစ်တွင် မာရိန္ဒရဟန္တာ မထေရ်မြတ်ကြီးက တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ လွန်းညစေတီတော်ကို သရဏင်္ဂ(ရွှေရောင်ယ) စေတီတော်ဟုလည်း ခေါ်ကြသည်။

စေတီတော်၏ ပရဝုဏ်အတွင်း စေတီပေါင်း (၅၅) ဆူ ကိန်းဝပ်တော်မူလျက်ရှိသည်။ စေတီဝင်းအတွင်း ထူးခြားသည့် ရေတွင်းတစ်တွင်း ရှိသည်။ နတ်ရေတွင်းဟု ခေါ်ကြသည်။ စေတီတော်သမိုင်းနှင့် နတ်ရေတွင်း ဆက်စပ်မှုရှိကြောင်း ရှေးပိုးကရင် ဓမ္မစာပေများနှင့် အစဉ်အဆက် အဖိုးအဖွားများ၏ နှုတ်သမိုင်းများအရ ယုံကြည်ကြလျက်ရှိသည်။

ထိုနတ်ရေတွင်းသည် (၁)ရေကို မည်မျှခတ်စေကာမူ ကုန်ခမ်းခြင်း မရှိသော်လည်း အမျိုးသမီးများ တက်ကြည့်ပါက အချိန်အခါမဟုတ် မိုးကြီးလေကြီး တိုက်ခတ်ပြီး ရေတဖြည်းဖြည်း ခမ်းသွားသည်။ ကန်တော့တောင်းပန်မှ ရေပြန်တက်လာသည်။ (၂) သားသမီး ဆုပန်ရရှိနိုင်သည်။ (၃) ဤနတ်ရေကန်တွင်းမှ ရေစင်ကို သောက်ချိုးရလျှင် ကျန်းမာသုခ အဝဝနှင့် ပြည့်စုံသည်ဟူသော ထူးခြားချက် သုံးခုရှိသည်။[1]

ကိုးကား

  1. မြတ်မင်းလှိုင် (ဇန်နဝါရီ ၂၀၀၃)။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ။ ပထမတွဲ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.