အရိပ်မထွက်ဘုရား(မန္တလေး)

အရိပ်မထွက်ဘုရားသည် မန္တလေးမြို့၊ မြောက်ပြင်၊ သူရဲဈေးအနီး၊ အောင်မြေသာစံမြို့နယ်၌ တည်ရှိသည်။ (အမရစံခေါင်ဌာနီ အရှေ့ရပ်တွင် တည်ရှိသည်။) ပုဂံခေတ်ကျန်စစ်သားမင်း၏ ကောင်းမှုဟု ကျောက်စာအရ သိရသည်။ အရိပ်မထွက် ဘုရားကျောက်စာကို ဘုရားရင်ပြင်တော်အတွင်း အရှေ့မြောက်ထောင့်တွင် တည်ထားသည်။ သက္ကရာဇ် ၄၂၆-ခုနှစ်၊ ပုဂံပြည်၌ နန်းတက်သော ကျန်စစ်သားမင်းသည် စေတီတော်ကို တည်ပြီးလျှင် နတ်ရွာစံခါနီး၌ ''ဤစေတီတော်ဘုရားသည် နောင်တစ်ဘဝ လူအဖြစ်သို့ ရခါမှ အရိပ်ထွက်ပါစေ'' ဟု အဓိဋ္ဌာန်ပြုခဲ့သည့်အတိုင်း အရိပ်မထွက်သောကြောင့် အရိပ်မထွက်ဘုရားဟု ခေါ်ဝေါ်ကြောင်း မှတ်သားရသည်။[1]

    သမိုင်း

    တကောင်းပြည်ကြီးကို ပြန်လည်ထူထောင်တော်မူသော သတိုးမင်းဆက် (၁၇)ဆက်မြောက် သတိုးဥစ္စနမင်းလက်ထက်၌ အာကာဗလ စစ်သူကြီးသည် တိုင်းခန်းလှည့်လည်ရာ ယခု အရိပ်မထွက်ဘုရားတည်ရှိသော နေရာ၌ စခန်းချ ရပ်နားခဲ့သည်။ တပ်ဦးတွင် အမြဲပင့်ဆောင်ကိုးကွယ်သော ရုပ်ပွားတော်သည် ရော်


    [2]

    ကိုးကား

    1. နတ်မောက်ထွန်းရှိန် - မန္တလေး ရတနာပုံ ဘုရားစုံ၊ ၂၀၁၇၊ ဩဂုတ်လ၊ စာ-၈၀
    2. ဒက္ခိဏာရာမ-ဘုရားကြီး၊ ဆရာ စိုးမြတ်လင်း စုဆောင်းရေးသားသည့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ ရတနာပုံ-မန္တလေးမြို့ နှင့် မြို့ရွာဒေသအသီးသီးတို့၌ ထင်ရှားကျော်စောတော်မူသော တန်ခိုးကြီးဘုရားများသမိုင်း၊ စာ-၅


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.