ကိုးထပ်ကြီးဘုရား

ကိုးထပ်ကြီးဘုရား၏ ဘွဲ့တော်အပြည့်အစုံမှာ အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး ရုပ်ပွားဆင်းတုတော်မြတ်ကြီး ဖြစ်သည်။ သာသနာတော်နှစ် ၂၄၄၉-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၆၇-ခုနှစ်၊ ဝါခေါင်လဆန်း (၁၀)ရက်၊ ခရစ်သက္ကရာဇ် (၉-၈-၁၉၀၅) ဗုဒ္ဓဟူးနေ့ နံနက် (၆:၃၀)အချိန်တွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ၁၄-ဧက တစ်မတ် အကျယ်ရှိသော ဗားကရာတိုက်အတွင်း ၌ တည်ရှိတော်မူသည်။

ပလ္လင်ဗွေမှ ထိပ်တော်မဏိ အထိ အမြင့်ပေ (၇၂)ပေ ရှိသည်။ ရှေးအခါက မင်းကြီးမင်းလေးနှင့်တကွ (၃၇)မင်းတို့ စံပျော်ရာ နတ်ကွန်းကြီးများ ရှိခဲ့ပြီး နောင်အခါ ဘုရားကြီး၏ လက်ဝဲဘက် အဝင်ဝ၌ နတ်ကွန်းအသစ်များ ရွေ့ပြောင်းကာ အပူဇော်ခံ ထားရှိလေသည်။ရန်ကုန်တွင် နာမည်ကြီးသည့် ကြီးကိုးကြီးအဓိဋ္ဌာန်ကြီးလေးကြီးအဓိဋ္ဌာန်ဘုရားကိုးဆူအဓိဋ္ဌာန်များတွင်ပါဝင်သည့် ဘုရားကြီးလည်းဖြစ်၏။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.