ရန်ကုန် စီးပွားရေး တက္ကသိုလ်

ရန်ကုန် စီးပွားရေး တက္ကသိုလ် (Yangon University of Economics) သည် မြန်မာနိုင်ငံ၏အထင်ကရ စီးပွားရေးနှင့်စီမံခန့်ခွဲမှု တက္ကသိုလ် ဖြစ်သည်။ ၁၉၂၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်တွင် ဌာန တစ်ခုအဖြစ်သာ စတင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် သီးခြားလွတ်လပ်သော တက္ကသိုလ်အဖြစ် ရပ်တည်ခဲ့သည်။ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ဘွဲ့ကြို၊ ဘွဲ့လွန်ဒီဂရီနှင့် ဒီပလိုမာ၊ မဟာဒီဂရီများကို စီပွားရေး၊ ဘောဂဗေဒနှင့် စာရင်းအင်းပညာများကို အချိန်ပြည့်/အချိန်ပိုင်း ပို့ချလျက်ရှိသည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပရဝုဏ် သုံးခုသည် ကမာရွတ်မြို့နယ်လှိုင်မြို့နယ် နှင့် ရွာသာကြီးတို့တွင် အသီးသီးတည်ရှိကာ ကမာရွတ်မြို့နယ်ရှိ ပရဝုဏ်မှာ ပင်မပရဝုဏ်ဖြစ်သည်။

ရန်ကုန် စီးပွားရေး တက္ကသိုလ်
Yangon University of Economics
ဝိရိယ၊ ဉာဏ၊ သစ္စာ၊ သမာဓိ
Stamina, Genius; Loyalty, Oath
viriya, ñāṇa, saccā, samādhi

ရန်ကုန် စီးပွားရေး တက္ကသိုလ်၏ အမှတ်တံဆိပ်
တည်ထောင်ခုနှစ် ၁၉၂၄
ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်း[1]
ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်နီလာဦး
တည်နေရာ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ဝဘ်ဆိုတ် yueco.edu.mm
ရန်ကုန် စီးပွားရေး တက္ကသိုလ်

သမိုင်းကြောင်း

  • ၁၉၂၄ - ရန်ကုန် တက္ကသိုလ်၏ဘောဂဗေဒဌာန အဖြစ် စတင်
  • ၁၉၄၀ - ဝါဏ္ဏိဇဗေဒဘာသာ (Commerce) ကို စတင်ပို့ချ
  • ၁၉၅၃ - စာရင်းအင်းဘာသာ (Statistics) ကို စတင်ပို့ချ
  • ၁၉၅၅ - ဝါဏ္ဏိဇဗေဒဌာန (Department of Commerce) အားစတင်ဖွဲ့စည်း
  • ၁၉၅၆ - စာရင်းအင်းဌာန (Dearptment of Statistics) အားစတင်ဖွဲ့စည်း
  • ၁၉၆၄ - သီးခြားလွတ်လပ်သော တက္ကသိုလ် အဖြစ် ပညာရေးဌာန ၂ဌာန၊ သုတေသနဌာန ၁ခုဖြင့်စတင်တည်ထောင်
  • ၁၉၈၇ - သုတေသနဌာနအား စီမံခန့်ခွဲမှုပညာဌာန (Department of Management Studies) အဖြစ် ပြောင်းလဲသက်မှတ်ပြီး အသုံးချဘောဂဗေဒဌာန (Department of Applied Economics) အားစတင်ဖွဲ့စည်း
  • ၁၉၉၅ - စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (Master of Business Administration) အား စတင်အပ်နှင်း
  • ၂၀ဝ၀ - ပြည်သူ့ရေးရာစီမံခန့်ခွဲမှူ့ မဟာဘွဲ့ (Master of Public Administration) အား စတင်အပ်နှင်း
  • ၂၀ဝ၂ - စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (Executive Master of Business Adminstartion) အား စတင်အပ်နှင်း
  • ၂၀ဝ၄ - ဖွံ့ဖြိုးတိုးတတ်မှုပညာမဟာဘွဲ့ (MDevs) အား စတင်အပ်နှင်း
  • ၂၀ဝ၇ - Online MBA စတင်ဖွင့်လှစ်
  • ၂၀၁၄ - Yangon Institute of Economics မှ Yangon University of Economics ဟု အမည်ပြောင်း

ယခုအခါတွင် ရန်ကုန် စီးပွားရေး တက္ကသိုလ် ၌ အဓိကပညာရေး ၅ ဌာန နှင့် တွဲဖက် ပညာရေးဌာန ၄ ဌာန (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်) တို့မှ ကျောင်းသား/သူပေါင်း များစွာအား မွေးထုတ်ပေးလျက်ရှိသည်။

ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ အပ်နှင်းသော ဘွဲ့၊ မဟာဘွဲ့ နှင့် ပါရဂူဘွဲ့များ

ဘာသာရပ် ဘွဲ့ (Bachelor's) မဟာဘွဲ့ (Master's) ပါရဂူဘွဲ့ (Doctoral)
စာရင်းကိုင်ပညာ (Accounting) စာရင်းကိုင်ပညာဘွဲ့ (B.Act) စာရင်းကိုင်ပညာမဟာဘွဲ့ (M.Act) ဝါဏ္ဏိဇဗေဒပညာပါရဂူဘွဲ့ (Ph.D.(Com))
စီမံခန့်ခွဲမှုပညာ (Business Administration) စီမံခန့်ခွဲမှုပညာဘွဲ့ (BBA) စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MBA) ဝါဏ္ဏိဇဗေဒပညာပါရဂူဘွဲ့ (Ph.D.(Com))
ဝါဏ္ဏိဇဗေဒပညာ (Commerce) ဝါဏ္ဏိဇဗေဒပညာဘွဲ့ (B.Com) ဝါဏ္ဏိဇဗေဒပညာမဟာဘွဲ့ (M.Com.) ဝါဏ္ဏိဇဗေဒပညာပါရဂူဘွဲ့ (Ph.D.(Com))
ဖွံ့ဖြိုးတိုးတက်မှုပညာ (Development Studies) ဖွံ့ဖြိုးတိုးတက်မှုပညာဘွဲ့ (B.Dev.S) ဖွံ့ဖြိုးတိုးတက်မှုပညာမဟာဘွဲ့ (M.Dev.S) ဖွံ့ဖြိုးတိုးတက်မှုပညာပါရဂူဘွဲ့ (Ph.D.(Econ))
ဘောဂဗေဒပညာ (Economics) ဘောဂဗေဒပညာဘွဲ့ (B.Econ) ဘောဂဗေဒပညာမဟာဘွဲ့ (M.Econ) ဘောဂဗေဒပညာပါရဂူဘွဲ့ (Ph.D.(Econ))
စီမံခန့်ခွဲမှုပညာ (Management Studies) စီမံခန့်ခွဲမှုပညာဘွဲ့ (B.B.A) စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (M.B.A) စီမံခန့်ခွဲမှုပညာပါရဂူဘွဲ့ (Ph.D.(Econ))
လူဦးရေပညာ (Population Studies) လူဦးရေပညာဘွဲ့ (B.P.S) လူဦးရေပညာမဟာဘွဲ့ (M.P.S) လူဦးရေပညာပါရဂူဘွဲ့ (Ph.D.(Stats))
ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ (Public Administration) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာဘွဲ့ (BPA) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MPA) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာပါရဂူဘွဲ့ (Ph.D.(Econ))
စာရင်းအင်းပညာ (Statistics) စာရင်းအင်းပညာဘွဲ့ (B.Econs.(Stats)) စာရင်းအင်းပညာမဟာဘွဲ့ (M.Econs (Stats)) စာရင်းအင်းပညာပါရဂူဘွဲ့ (Ph.D.(Stats))

ကိုးကား

  1. Yangon University of Economics Rector's Message 20 March 2016 တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.