ဆေးတက္ကသိုလ် (၂) ရန်ကုန်

ဆေးတက္ကသိုလ်(၂) ရန်ကုန်သည် ရန်ကုန်တိုင်းဒေသကြီးမြောက်‌ဥက္ကလာပမြို့နယ် ခေမာသီလမ်းတွင် တည်ရှိပြီး ရန်ကုန်မြို့တွင်းမှ ၁၂ မိုင်ခန့်ကွာဝေးသည်။ ဆေးတက္ကသိုလ်(၂) ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက်တစ်ကျောင်းလည်း ဖြစ်သည်။

ဆေးတက္ကသိုလ်(၂) ရန်ကုန်
University of Medicine 2, Yangon
ဥပဌာနံ အနုကမ္မာ ဒယာ
upaṭhānaṃ, anukammā, dayā
ဆေးတက္ကသိုလ်(၂) ရန်ကုန်

တည်ထောင်ခုနှစ် ၁၉၆၃ခုနှစ်
ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဦးအေးထွန်း
တည်နေရာ ခေမာသီလမ်း၊ မြောက်‌ဥက္ကလာပမြို့နယ်ရန်ကုန်မြို့
ဝဘ်ဆိုတ် um2ygn.edu.mm

သမိုင်းကြောင်း

၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၌ မင်္ဂလာဒုံမြို့နယ်တွင် ဆေးကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၏ မဟာဌာနတစ်ခုအဖြစ် စတင်ခဲ့သော်လည်း ၁၉၆၄ တွင် သီးခြား တက္ကသိုလ်(အင်စတီကျု)တစ်ခုအဖြစ် ကူးပြောင်းခဲ့သည်။

၁၉၇၃ ခု၊ အောက်တိုဘာ ၁ တွင် ပညာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က ဆေးပညာဌာန (ယခု ဆေးသိပ္ပံ) ၏ လက်အောက်တွင် စီမံခန့်ခွဲခဲ့သည်။

၁၉၉၆ ခု၊ စက်တင်ဘာ ၂၅ တွင် တက္ကသိုလ်၏ တည်နေရာကို မင်္ဂလာဒုံတပ်နယ်မြေမှ မြောက်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၅ ခုနှစ် ဇွန်လတစ်ရက်နေ့တွင် အင်စတီကျုမှ တက္ကသိုလ်အဆင့်သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။

ဦးဆောင်မှု

ဆေးတက္ကသိုလ်(၂) ရန်ကုန်

၁၉၆၃ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ်(၂) ရန်ကုန်ကို ပါမောက္ခချုပ်မှ ဦးဆောင်အုပ်ချုပ်သည်။ တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ-

  1. ၁၉၆၃–၁၉၆၇: ဒုတိယဗိုလ်မှူးကြီး ကိုကိုကြီး
  2. ၁၉၆၇–၁၉၇၃: ပါမောက္ခ ဦးအေး
  3. ၁၉၇၃-၁၉၇၉: ပါမောက္ခ ဦးရွှေတင်
  4. ၁၉၇၉–၁၉၈၂: ဒေါက်တာ ဦးခင်မောင်ငြိမ်း
  5. ၁၉၈၂–၁၉၈၇: ပါမောက္ခ ဦးတင်အောင်ဆွေ
  6. ၁၉၈၇–၁၉၈၉: ပါမောက္ခ ဦးမျိုးသွယ်
  7. ၁၉၈၉–၁၉၉၂: ပါမောက္ခ ဦးကိုလေး
  8. ၁၉၉၂–၂၀၀၄: ပါမောက္ခ ဦးသာလှရွှေ[1]
  9. ၂၀၀၄–၂၀၀၇: ပါမောက္ခ ဒေါ်သန်းနုရွှေ
  10. ၂၀၀၇–၂၀၁၅: ပါမောက္ခ ဦးတင့်ဆွေလတ်
  11. ၂၀၁၄–၂၀၁၅: ပါမောက္ခ ဦးဇော်ဝေစိုး
  12. ၂၀၁၅–၂၀၁၇: ပါမောက္ခ ဦးအေးအောင်
  13. ၂၀၁၇–လက်ရှိ: ပါမောက္ခ ဦးအေးထွန်း

ကျောင်းသားများသမဂ္ဂ

ဆေးတက္ကသိုလ် - ၂ ရန်ကုန် ကျောင်းသားများသမဂ္ဂ ကို ၂၀၁၅ခုနှစ်တွင် ကျောင်းသားများမှ စတင်တည်ထောင်ခဲ့ပြီး ယနေ့ အချိန်ထိ ဆေး-၂ ကျောင်းသား ကိုယ်စားပြု အဖွဲ့အစည်း အဖြစ် ကျောင်းစီမံခန့်ခွဲရေး၊ ပညာရေး၊ ကျောင်းသားအရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားလျက်ရှိသည်။

ဆေးတက္ကသိုလ် - ၂ ရန်ကုန် ကျောင်းသားများ သမဂ္ဂ
ဥက္ကဋ္ဌဥဂ္ဂါမြတ်
အတွင်းရေးမှူးကောင်းခန့်ဦး
ဆောင်ပုဒ်သမဂ္ဂါနံ တပေါ သုခေါ
တည်ထောင်ခြင်းသြဂုတ်လ ၁၂ရက် ၂၀၁၅ ခုနှစ်



ဘာသာရပ်များ

ပထမနှစ် အမ်ဘီဘီအက်စ်

ဒုတိယနှစ် အမ်ဘီဘီအက်စ်

တတိယနှစ် အမ်ဘီဘီအက်စ်

သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ်

နောက်ဆုံးနှစ် အပိုင်း(က) အမ်ဘီဘီအက်စ်

  • မှုခင်းဆေးပညာ
  • ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ (နယ်ကွင်းဆင်းသင်တန်း ၃ပတ်)
  • ရောဂါဗေဒ နှင့် သွေးပညာ

သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ပညာ၊ သားဖွားနှင့် မီးယပ်ရောဂါပညာ၊ ကလေးကျန်းမာပညာနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။

နောက်ဆုံးနှစ် အပိုင်း(ခ) အမ်ဘီဘီအက်စ်


အလုပ်သင်ဆရာဝန်

နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း ရန်ကုန်(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-

ဘာသာရပ်အချိန်ကာလ
ကလေးကျန်းမာပညာ၂ လခွဲ
ပြည်သူ့အကျိုးပြု ဆေးပညာ၂ ပတ်
ဆေးပညာ(စိတ်ရောဂါကုသမှုပညာ အပါအဝင်)၃ လ
သားဖွားနှင့် မီးယပ်ဆေးပညာ၃ လ
ခွဲစိတ်ကုသမှုပညာ(ထိခိုက်ဒဏ်ရာ ဆေးပညာ အပါအဝင်)၃ လ

အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူပြီးမှ ဆေးပညာဘွဲ့ (M.B.,B.S.) အပ်နှင်းခြင်း ခံရသည်။[2]

သင်ကြားရေးဌာနများ

ကလေးကျန်းမာပညာဌာန

ကလေးကျန်းမာပညာဌာနကို ၁၉၆၈ ခုနှစ်က ဆေးတက္ကသိုလ် ၂ ရန်ကုန် တည်ရှိရာ ပြည်လမ်း၊ မင်္ဂလာဒုံမြို့နယ်တွင် စတင်တည်ထာင်ခဲ့သည်။ ထိုအချိန်က သင်ကြားရေးကို တပ်မတော်ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။ တိုးတက်လာသော ကျောင်းသားဦးရေနှင့် မျှတစေရန် ကလေးကျန်းမာပညာ သင်ကြားရေးဌာနများကို မြောက်ဥက္ကလာအထွေထွေရောဂါကုဆေးရုံကြီးတွင် ၁၉၇၇ နှင့် ၁၉၈၂ ခုနှစ်က လည်းကောင်း၊ အင်းစိန်ဆေးရုံနှင့် သင်္ဃန်းကျွန်းဆေးရုံတို့တွင် ၁၉၉၄ ခုနှစ်က လည်းကောင်း၊ တောင်ဥက္ကလာဆေးရုံတွင် ၁၉၉၈ ခုနှစ်က လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။၂၀၁၁ ခုနှစ်တွင် ရန်ကင်းကလေးဆေးရုံကြီး ဖွင့်လှစ်သည့်အခါ ဆေးတက္ကသိုလ် ၂ ရန်ကုန်၊ ကလေးကျန်းမာပညာဌာန၏ အဓိက သင်ကြားရေးဆေးရုံဖြစ်လာခဲ့သည်[3]

ကလေးကျန်းမာပညာဌာန ဌာနမှူးများ

၁။ ဒုတိယဗိုလ်မှူးကြီးဒေါ်စိန်ရီ ၁၉၆၈-၁၉၈၇
၂။ ဒေါက်တာသိန်းသိန်းမြင့် ၁၉၈၇-၁၉၈၈
၃။ ဒေါက်တာမျိုးမင်းအောင် ၁၉၈၈-၁၉၈၉
၄။ ဒေါက်တာသိန်းအုပ်ကျော်မြင့် ၁၉၈၉-၁၉၉၀
၅။ ဒေါက်တာသိန်းအောင် ၁၉၉၀-၂၀၀၃
၆။ ဒေါက်တာသန်းနုရွှေ ၂၀၀၃-၂၀၀၄
၇။ ဒေါက်တာအေးမောင်ဟန် ၂၀၀၄-၂၀၀၅
၈။ ဒေါက်တာဆင်မြူရယ်ကျော်လှ ၂၀၀၅-၂၀၀၆
၉။ ဒေါက်တာခင်ထွေး ၂၀၀၆-၂၀၀၇
၁၀။ ဒေါက်တာကြူကြူခင် ၂၀၀၇-၂၀၀၉
၁၁။ ဒေါက်တာစောဝင်း ၂၀၀၉-၂၀၁၁
၁၂။ ဒေါက်တာရဲမြင့်ကျော် ၂၀၁၁-၂၀၁၃
၁၃။ ဒေါက်တာခင်ညိုသိန်း ၂၀၁၃-၂၀၂၀

ထင်ရှားကျော်ကြားသော ကျောင်းသားဟောင်းများ

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။ p. စာမျက်နှာ ၁၁-၁၂။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  3. https://um2ygn.edu.mm/pediatrics/
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.