ဆေးတက္ကသိုလ်(မကွေး)
မကွေးဆေးတက္ကသိုလ် (အင်္ဂလိပ်: University of Medicine, Magway) သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ရှိသည်။ မကွေးဆေးတက္ကသိုလ်ကို ၂၀၀၁ ခုနှစ် မေလတွင် မကွေးမြို့၌ ဖွင့်လှစ်ခဲ့သည်။ ရန်ကုန် - မန္တလေး (အနောက်ဘက်လမ်း) လမ်းမကြီးဘေးတွင် မကွေးမြို့မှ ရေနံချောင်းဘက်သို့ အထွက်တွင် တည်ရှိသည်။ မကွေးမြို့မှ (၆) မိုင်ခန့် ကွာဝေးသည်။
ဆောင်ပုဒ် | ဥပဌာနံ အနုကမ္မာ ဒယာ |
---|---|
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ် | Service, Sympathy, Humanity |
အမျိုးအစား | အများဆိုင် |
တည်ထောင် | မေ ၂၂၊ ၂၀၀၁ |
ပါမောက္ခချုပ် | ဒေါက်တာဌေးလှ |
တည်နေရာ | မကွေးမြို့၊ မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
နှီးနွယ်အဖွဲ့အစည်းများ | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန |
ဝဘ်ဆိုဒ် | ummg.gov.mm |
သင်တန်းကာလမှာ ၅ နှစ် ၊ အလုပ်သင် ၁ နှစ် စုစုပေါင်း ၆ နှစ်ကြာ တက်ရောက်ရသော ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၁၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များအတွက် တပြေးညီ သတ်မှတ်ထားသော ရမှတ်ရရှိသူများအား လက်ခံ သင်ကြားပေးသည်။ အမ်ဘီဘီအက်စ် ဘွဲ့၊ နှင့် ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်ဒီဂရီများအား တက်ရောက်ရယူနိုင်သည်။ ၂၀၁၁ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ဆေးတက္ကသိုလ်မကွေး ၏ ဆယ်နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့သည်။
ဆေးတက္ကသိုလ်(မကွေး)သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။
လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာဌေးလှ ဖြစ်သည်။ ဒုတိယ ပါမောက္ခချုပ် (စီမံ)မှာ ဒေါက်တာအေးအေးဦး ဖြစ်ပြီး ဒုတိယပါမောက္ခချုပ်(သင်ကြား)မှာ ဒေါက်တာလှဝင်းမြင့် ဖြစ်ပါသည်။
သင်ကြားပေးသော ဘာသာရပ်များ
ပထမနှစ် အမ်ဘီဘီအက်စ်
ဒုတိယနှစ် အမ်ဘီဘီအက်စ်
- ခန္ဓာဗေဒ (Human Anatomy)
- ဇီဝဓာတုဗေဒ (Biochemistry)
- ဇီဝကမ္မဗေဒ (Physiology)
တတိယနှစ် အမ်ဘီဘီအက်စ်
- အထွေထွေရောဂါဗေဒ (General Pathology)
- အဏုဇီဝဗေဒ (Microbiology)
- ဆေးဝါးဗေဒ (Pharmacology)
- ဆေးပညာ လက်တွေ့ (Medicine)
- ခွဲစိတ်ကုပညာ လက်တွေ့ (Surgery) တို့အား သင်ကြားရသည်။
နောက်ဆုံးနှစ် အပိုင်း (က) အမ်ဘီဘီအက်စ်
- ရောဂါဗေဒ (Systemic Pathology)
- ကာကွယ်ရေးနှင့် လူမှူရေး ဆေးပညာ (Preventive and Social Medicine)
- ဥပဒေရေးရာ ဆေးပညာ (Forensic Medicine)
- ဥပဒေရေးရာဆေးပညာ လက်တွေ့ ကွင်းဆင်းလေ့လာရေး (Field Trip)
- ဆေးပညာ (Medicine)
- ခွဲစိတ်ကုပညာ (Surgery)
- သားဖွားနှင့်မီးယပ်ပညာ (Obstetric and Gynaecology)
- ကလေးကျန်းမာပညာ (Paediatrics)
နောက်ဆုံးနှစ် အပိုင်း (ခ) အမ်ဘီဘီအက်စ်
- ဆေးပညာ (Medicine)
- ခွဲစိတ်ကုပညာ (Surgery)
- သားဖွားနှင့်မီးယပ်ပညာ (Obstetric and Gynaecology)
- ကလေးကျန်းမာပညာ (Paediatrics)
အလုပ်သင် ဆရာဝန်
နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးသော သင်တန်းသားများသည် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအဆင့် ဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁ နှစ်ခန့် လေ့ကျင့်သင်ကြားရသည်။ အလုပ်သင်ဆရာဝန်အဖြစ် သက်မှတ်ကာလပြည့်မီအောင် လေ့ကျင့်ပြီးစီးသော သင်တန်းသားများကိုသာလျှင် အမ်ဘီဘီအက်စ်ဘွဲ့ အား ချီးမြင့်သည်။
အောက်ပါမြို့များရှိ ဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် လျောက်ထားနိုင်သည်။
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
ပြင်ပလင့်ခ်
- Wikimedia Commons ရှိ ဆေးတက္ကသိုလ် (မကွေး) နှင့်ပတ်သက်သော မီဒီယာများ
- University website
- List of Universities registered under WHO Archived 1 February 2010 at the Wayback Machine.
- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ဆေးတက္ကသိုလ်(မကွေး)